ရေဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၇ ဦးသေ


စစ်ကိုင်း၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပင်စိမ်းခင်ကျေးရွာမြောက်ဘက် အောင်သာယာကျေးရွာမှ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ (မေလ ၃၁ ရက်) တွင်  တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ၇ ဦးသေဆုံးခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့မှ သိရသည်။

"လက်လုပ်မိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်တာ ခွေး (အကြမ်းဖက်စစ်ကောင်စီတပ်သား) (၇)ကောင် ထိတယ်၊ သေ သွားတယ်  လေးကောင်ကို မီးရှို့ပြီးတော့ ၃ ကောင်ကိုကျတော့ ကောက်ရိုးပုံမှာပစ်သွားတယ် " ဟု အဆိုပါ အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ရသ က လူငယ့်ခေတ်သို့ ပြောသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်အုပ်စုမှ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင်း အနီးနားရှိ လယ်စောင့်တဲတွင် အလုပ်လုပ်ကိုင်နေသည့် ရွာသား ဦးစိန်ဝင်း သေနတ်ထိမှန်ပြီး ဝမ်းဗိုက်ပေါက်ကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ဗိုလ်ရသ က ထပ်မံပြောသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကို Kanbalu Underground Warriors အဖွဲ့ နှင့် ခင်ဦးမဟာမိတ်ညီနောင်အဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Lu Nge Khit

ရေဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၇ ဦးသေ ရေဦးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၇ ဦးသေ Reviewed by THITHTOOLWIN on 02:13 Rating: 5

No comments:

Powered by Blogger.