ဝက်လက်မြို့နယ် ဘိုတဲကျေးရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာသားတစ်ဦးကို သတ်ဖြတ်မီးရှို့ကာ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား


ရန်ကုန်၊ ဇွန် ၉ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဘိုတဲကျေးရွာသို့ ဇွန် လ ၈ ရက်နေ့ အကြမ်းဖက်စစ်တပ်က  ဝင်ရောက်စီးနင်းပြီး  အသက် ၁၈ နှစ်အရွယ် ဇေယျာခိုင်ကို သတ်ဖြတ်မီးရှို့ကာ  ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရွှေဘိုမြို့ဘက်မှ လာသော စစ်အင်အားတစ်ရာခန့်ပါ အကြမ်းဖက်စစ်တပ်သည် ဘိုတဲကျေးရွာသို့ နေ့လယ် ၁၂ နာရီအချိန့်ခန့်တွင် ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူ၁ ဦးကို သတ်ဖြတ်ခြင်းနှင့် ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ကျွန်တော့်သားက အစပိုင်းတုန်းက ကျွန်တော်တို့နဲ့ ဘေးလွတ်ရာ ရှောင်နေတာပါ။ သေနတ်သံတွေ ငြိမ်သွားတော့ ဗိုက်ဆာလို့ဆိုပြီး အိမ်ပြန်သွားတာ။ အဲကတည်းက အဆက်သွယ်ပြတ်သွားပြီး ည မှောင်ခါနီးမှ မီးရှို့ထားတဲ့ သူ့အလောင်းကို တွေ့ရတာပါ"ဟု သေဆုံးသူဇေယျာခိုင်၏ ဖခင်က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် နေအိမ်များအတွင်းသို့ ဝင်ရောက် မွှေနှောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ပုန်းအောင်းနေသည့်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်ည်။

"အမျိုးသမီး လေးယောက်နဲ့ အမျိုးသားတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းသွားတယ်။ အိမ်တွေထဲမွှေပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို PDF တွေက ပစ္စည်းတွေယူသွားခိုင်းတယ်လို့ ပြောခိုင်းတယ်"ဟု ရွာတစ်သားတစ်ဦးက ဆိုသည်။

စစ်တပ်က ဘိုတဲရွာအတွင်းမှ ညနေ ၆ နာရီအချိန် ထွက်ခွာသွားပြီး  သပြေသာရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။


မျက်မှောက်ခေတ် 

ဝက်လက်မြို့နယ် ဘိုတဲကျေးရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာသားတစ်ဦးကို သတ်ဖြတ်မီးရှို့ကာ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ဝက်လက်မြို့နယ် ဘိုတဲကျေးရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ရွာသားတစ်ဦးကို သတ်ဖြတ်မီးရှို့ကာ ပြည်သူ  ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 18:28 Rating: 5

No comments:

Powered by Blogger.