စကစတွေ တုံးလုံးပက်လက် သေတဲ့ မြောင်နယ်က “တုံးလုံးတိုက်ပွဲ”

စစ်ကောင်စီ အကြမ်းဖက်သမားတွေ တုံးလုံးပက်လက် သေလို့ တုံလုံးတိုက်ပွဲလို့ အမည်ပေးထားတဲ့ မြောင်နယ် တမဆေးကန်ရွာ တိုက်ပွဲ

မေ- ၃၀

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ တုံးလုံးပက်လက် သေတဲ့အတွက် တုံလုံးတိုက်ပွဲလို့ အမည်ပေးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မေ(၂၉)ရက်က မြောင်မြို့နယ် တမဆေးကန်ကျေးရွာထဲ ဝင်မွှေလုယက် မီးရှိ့နေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေကို မြောင်၊ မြင်းခြံ၊ ရေစကြို၊ ရေလယ်ကျွန်း၊ တောင်သာ စတဲ့ ဒေသ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာပါ။

တမဆေးကန်ရွာ တိုက်ပွဲဟာ အချိန် သုံးနာရီကျော် ကြာမြင့်ခဲ့ပြီး စစ်အုပ်စု အထိနာ အသေများတဲ့အတွက် လေကြောင်းပစ်ကူ ပေးခဲ့ရတယ်လို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီ တိုက်ပွဲမှာ စကစ (၂၀)ကျော်သေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တချို့က ထုတ်ပြန်ပြီး ဒေသကာကွယ်ရေး အဖွဲ့တချို့ကတော့ စကစ (၁၂)ဦးသေကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တမဆေးကန်ရွာထဲ နောက်နေ့ မနက်ပိုင်း သွားရောက်ရှင်းလင်းရာမှာ မီးရှို့ထားတဲ့ အလောင်းတွေ တွေ့ရသလို သွေးကွက်တွေ၊ အကြမ်းဖက်စစ်အုပ်စုရဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း တွေ့ရတယ်လို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

မြေပြင်တိုက်မှာ အထိနာ အသေများတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် လာရောက် ပစ်ခတ်တာကြောင့် အကြမ်းဖက်သမားတွေ အားလုံးကို သုတ်သင်နိုင်ခြင်း မရှိခဲ့ဘဲ ပြည်သူ့ရဲဘော်တွေ ပြန်လည်ဆုတ်ခွာ ခဲ့ရတာလို့လည်း ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ လက်နက်ကြီးထိမှန်တဲ့အတွက် မြောင် MSPDF တပ်ဖွဲ့က ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ လက်နက်အားကိုးနှင့် မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး မေ(၁၈)ရက်ကနေ (၃၀)ရက်အထိ မြောင်မြို့နယ်အတွင်းက ကျေးရွာ (၁၅)ရွာထက်မနည်းကို ဝင်မွှေလုယက်ကာ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


Mandalay Free Press - MFP

စကစတွေ တုံးလုံးပက်လက် သေတဲ့ မြောင်နယ်က “တုံးလုံးတိုက်ပွဲ” စကစတွေ တုံးလုံးပက်လက် သေတဲ့ မြောင်နယ်က “တုံးလုံးတိုက်ပွဲ” Reviewed by THITHTOOLWIN on 00:48 Rating: 5

No comments:

Powered by Blogger.