ရွှေဘိုမြို့နယ်မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတိုက်ခိုက် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ်

ပုံစာအညွှန်း-စစ်ကောင်စီတပ်သားများ ကျန်ရစ်ခဲ့သည့် စစ်ဖက်အသုံးအဆောင်များ

ရွှေဘို ၊ မေ ၄ ၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတာ၊ မြေပြင်မှာ မိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာတဲ့ရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ်သွားကြောင်း သိရသည်။

ရွှေဘိုမြို့နယ်ထဲက မြောက်ဘက်ခြမ်း၊ ညောင်ပင်ရွာ၊ တပင်ကောင်းကြားရွာတွေက နေအိမ်တွေကိုမီးရှို့ပြီးစစ်ကြောင်းထိုလားသော စစ်အုပ်စုအင်အား ၁၀၀ ကျော်အား မေ ၃ ရက်နေ့က PDF ၉ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိပ်ခွန်ရွာနှင့် ဇီးဖြူကုန်းရွာအဝင်ဖြတ်လမ်းမှာ တိုက်ခိုက်တာဖြစ်ကြောင်း SNAKE EYES-PDF တာဝန်ခံက မြေလတ်အသံကိုပြောသည်။

"စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို ကျနော်တို့ မြေပြင်မှာမိုင်းဆွဲပြီး ဝေဟင်ကနဲ့ဒရုန်းနဲ့ဗုံးသီးချပြီး တိုက်ခိုက်တာပါ၊ ကျနော်တို့ ဗုံး ၁၇ လုံးသုံးပြီးတိုက်ခိုက်တာ၊ စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်လောက်ကျတယ်၊သူတို့အထဲက ဗိုလ်ကြီးအဆင့်ရှိတဲ့သူ ၁ ယောက် ဒဏ်ရာအပြင်းအထန်ရပြီးရဟက်ယာဉ်နဲ့လာခေါ်သွားတယ်၊" ၎င်းကဆက်ပြောသည်။

တိုက်ပွဲများတွင် နန့်သာရွာ၊ ဆိပ်ခွန်ရွာ၊ အနောက်ဖက်ဆိပ်သာရွာ တို့မှ ပြည်သူ ၃ ဦးလက်နက်ကြီး ထိမှန်သေဆုံးပြီး ၆ ဦးဒဏ်ရာ ရခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီဘက်မှ ကျည် ၁၂ တောင့် MA 3 ကျည်ဘောက် လက်တော့ ၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး SNAKE EYES PDF, C&T SHWEBO, ဒေါင်းမာန်, ဗိုလ်ကျားရိုင်း ပ က ဖ, Alpha 7 ,မဟူရာဇီးကွက်(ဒီပဲယင်း), အရာတော်ရွှေဂျိုးဖြူ, People Defense Force Shwebo နှင့် B F D F နဂါးတပ်စု တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။


မြေလတ်အသံ - Myaelatt Athan 

ရွှေဘိုမြို့နယ်မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတိုက်ခိုက် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ် ရွှေဘိုမြို့နယ်မှာ PDF များက ဒရုန်းနှင့်ဗုံးကျဲတိုက်ခိုက် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ဒဏ်ရာရဗိုလ်ကြီးကို ရဟတ်ယာဉ်နဲ့လာခေါ် Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.