ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်နှင့်ပျူစောထီးများမဝင်နိုင်ရန် PDFအဖွဲ့များ စစ်ဆေးနေ


မေ ၇၊ ၂၀၂၂ ခုနှစ်။

ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းတွင်  စစ်ကောင်စီတပ်များနှင့်နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်း မပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များ တရားမဝင်သယ်ယူခြင်းများ မရှိစေရန် နယ်မြေစိုးမိုးမှု ရယူကာ မေလ ၆ ရက်နေ့ မှ စတင်ပြီး PDFပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 Phoenix Defence Battalion (အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ ၊ YDF - တပ်ရင်း - 4)မှ ဦးဆောင်ပြီး ဂန့်ဂေါမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်း၍  စစ်ဆေးနေကြခြင်းဖြစ်သည်။

တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများအား သယ်ယူတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေး ဆုံးဖြတ် အရေးယူသွားမည်ဟု အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ကထုတ်ပြန်ထားသည်။


သံလွင်ခက် - Than Lwin Khet News

ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်နှင့်ပျူစောထီးများမဝင်နိုင်ရန် PDFအဖွဲ့များ စစ်ဆေးနေ ဂန့်ဂေါ - ကလေး လမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်နှင့်ပျူစောထီးများမဝင်နိုင်ရန် PDFအဖွဲ့များ စစ်ဆေးနေ Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.