ပုလဲ၊ မေ ၁၃ ၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို မေလ ၁၂ ရက် ယမန်နေ့ ညနေ ၅ နာရီလောက်က ဒေသခံ PDFတွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ဦးသေဆုံးကာ ၁၀ ဦးလောက် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်ကူ ၄ ဖွဲ့ နဲ့ ၂ဖွဲ့ခွဲကာ အနီးကပ် ဝင်ရောက်စီးနင်းပြီး၊ အချိန် ၁နာရီခွဲကြာ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
" မနေ့ညနေက တိုက်ခိုက်တာဗျ၊ စစ်ကောင်စီ ၅ ယောက်သေတာ၊ အပြန်အလှန်ပစ်ကြတာပါ၊" လို့ ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပုလဲမြို့ပေါ်ကို ၀င်ရောက်စီးနင်းစဉ်မှာလဲအနီးတ၀ိုက်ရှိ စစ်ကောင်စီအဖွဲ့၀င်တွေနဲ့ ဒလန်လို့ နာမည်ကြီးနေသူတွေရဲ့ နေအိမ်အတွင်းကပါ သေနတ်နဲ့ ပစ်ခတ်ကြလို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပြီး၊ ကြံ့ခိုင်ရေးရုံးနဲ့ ဒလန်အိမ်တချို့လည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
PDF အင်အား ၂၅၀ နီးပါးနဲ့ အဖွဲ့ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်း ၁၂၀ မမ၊ ၆၀ မမ၊ ၈၀ မမ စတဲ့ လက်နက်ကြီးတွေကို အသုံးပြုခဲ့တယ်လို့ ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးခေါင်းဆောင်လို့ နာမည်ထွက်နေတဲ့ ၂၀၂၀ ကြံ့ခိုင်ရေး အမတ်လောင်း ကိုတင့်ဆွေ နေ အိမ်အတွင်းကလည်း စစ်ကောင်စီနဲ့ ပါတ်သက်တဲ့ အချက်လက်အချို့ကို သိမ်းဆည်းရမိတယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုတိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး၊ Fucture generation ပြောက် ကျားတပ်ဖွဲ့၊ Lode Star၊ ဗမာ့ဒေါင်းပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းခဲ့တာလို့ သိရပြီး၊ သူတို့ဟာ ညနေ ၆နာရီခွဲလောက်မှာ ထိခိုက်မူမရှိပဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment