မြောင်မြို့နယ်ကျေးရွာတစ်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုကို PDFတပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၈ဦး သေဆုံး
မေ ၃၊ ၂၀၂၂ ခုနှစ်။
မြောင်မြို့နယ် ကျေးရွာတစ်ရွာမှ အင်အား၁၀၀ ကျော်ဖြင့်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုမှ ၂၈ဦးသေဆုံးကြောင်းထုတ်ပြန်ထားသည်။
စစ်ကိုင်း တပ်ရင်း - ၄ MSPDF မှ ဦးဆောင်ကာ ယမန်နေ့ မေလ ၂ရက်နေ့ နံနက် ၇နာရီ ၄၃မိနစ် မှ ၁၀ နာရီ ၄၅အထိ ၃နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
PDFပူးပေါင်းတပ်ဖွဲ့မှ ၄၀မမ ဗုံးသီး ၅လုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးခဲ့သည်။ထို့နောက် RPG ၂လုံးပစ်ခတ်ရာ စစ်အုပ်စုမှ ၈ဦးထပ်မံသေဆုံးခဲ့သည်။
တာဝေးပစ်လက်နက်များဖြင့်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီးဘအများအပြားဒဏ်ရာရနိုင်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကိုင်းတပ်ရင်း ၄ - MSPDF၊ ချောင်းဦး PDF၊ Burmese Guerrilla Force၊ Natogyi Regional PDF၊မြင်းခြံခရိုင် တပ်ရင်း ၁ နှင့် ၃၊ မြောင် TGR ကာကွယ်ရေးတပ်ဖွဲ့၊ CDSOM၊ စစ်ကိုင်း တပ်ရင်း ၂ တပ်ခွဲ ၃၊ 11 Brother Revolution Force၊ PDF Talokeနှင့် နှလုံးလှလူမိုက်ကြီးများအဖွဲ့ စသည့် ညီနောင် ၁၂ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း RPG ၃လုံး၊လက်လုပ် ၆၀မမ အလုံး ၂၀၊ ၄၀မမ ဗုံးသီး ၈လုံး၊ အီနာဂါဗုံးသီး ၃လုံးနှင့်လက်နက်ကျည်ငယ်ပေါင်း ၃၀၀ ကျော်သုံးခဲ့ကြောင်း သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment