ယင်းမာပင်၊ မေ ၁၃ ၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ မေလ ၁၂ ရက် မနေ့နေ့လယ်ပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ နှစ်ဘက်စလုံး ထိခိုက်မူရှိနေသလို စစ်ရေးအခြေအနေကလည်း တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မနေ့က သီးကုန်းရွာနားမှာ တကြိမ်ဖြစ်ပြီး၊ ဒီနေ့မှာတော့ ကျောက်ပြုတ်ရွာနားမှာ ထပ်မံတိုက်ခိုက်ကြတာလို့ သိရပါတယ်။
"တိုက်ပွဲက ထိတွေ့မှုထပ်ရှိနိုင်တယ်။
အခြေအနေကတော့ တင်းမာနေတုန်းပဲ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်တာပါ၊ မနေ့က တိုက်တဲ့တပ်နဲ့ပဲ ထပ်တိုက်နေရတာပါ၊"လို့ အမိမြေအဖွဲ့ရဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းမှာ အင်အား ၁၀၀ လောက်ပါဝင်ပြီး၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့သလို၊ တိုက်ပွဲ ၂ကြိမ်အတွင်း စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမူ တွေရှိနေပြီး၊ PDFတွေဘက်ကလည်း ဒဏ်ရာရသူ ၆ ဦး ရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမိမြေအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း Young People Force အဖွဲ့နဲ့ ပေါင်းပြီး မုံရွာမြို့နယ် ၊ညောင်ပင်ကြီးရွာကတဆင့် ယင်းမာပင်ကို တက်လာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
မြေလတ်အသံ
No comments:
Post a Comment