နတ်တလင်း၊ မေ၁၂၊ ၂၀၂၂။
ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ထဲက ဂွေ့ကြီးရွာ အနီးမှာ နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နတ်တလင်းမြို့နယ် PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ ဂွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို ဝင်လာတဲ့ စစ်ကောင်စီအင်အား ၂၀ နီးပါးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ နတ်တလင်း PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နတ်တလင်းမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
" ဒီကောင်တွေ နယ်မြေကျော်လာလို့ မိုင်းဆွဲလိုက်တာ အနည်းဆုံး ၅ဦးသေဆုံးတယ်၊ ဒီကောင်တွေဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာ လက်နက်ငယ်တွေလည်းပါတယ်၊ ကျနော်တို့ဘက်က တူမီးတွေနဲ့ ပြန်ခုခံနေရတာ ရေရှည်မှာမလွယ်ဘူး၊ နတ်တလင်း PDF တွေကို ထောက်ပံ့ပေးကြပါ "လို့ မြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီက အင်အား ၂၀နီးပါးနဲ့ ကျူးကျော်လာခဲ့လို့ မိုင်းဆွဲခံရတာအပြင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကာ ၅ဦးသေဆုံးခဲ့ပေမယ့် စစ်ကြောင်းပြန်ဆုတ်သွားချိန်မှာ အများဆုံး ၉ယောက်လောက်ပဲ ပြန်သွားတာဖြစ်လို့ ကင်းပုန်းချန်ထားခဲ့နိုင်တယ်လို့ ပြောပါတယ်၊
PDF ဘက်က အကျအဆုံးမရှိ တပ်ပြန်ဆုတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တိုက်ပွဲကြောင့် ဂွေ့ကြီးရွာက ပြည်သူတွေ စစ်ရှောင်နေရပြီး နေစရာ စားစရာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment