ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဒေသအတွက် NUGနှင့်ပူးပေါင်းပြီး အထူးငွေတိုက်စာချုပ်များရောင်း ချမည်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်ပူးပေါင်း၍ ချင်းပြည်နယ်ဒေသများအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုသို့ရောင်းချရန် ပြင်ဆင်နေပြီး Chin Relief Funding Program (CRFP)ကို အထူးငွေတိုက် စာချုပ်ရောင်းချရာတွင် အလုပ်အဖွဲ့ (Work Team) အဖြစ် ဆောင်ရွက်နိုင်ရန်တာဝန်ပေးအပ်ထားသည်ဟု အတိုင်ပင်ခံကောင်စီက ဆိုသည်။
NUGသည် ကချင် KPICT (Kachin Political Interim Coordination Team)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့နှင့် ပူးပေါင်း၍ ငွေတိုက်စာချုပ်များရောင်းချနေခြင်း ဖြစ်သည်။
ယခုအခါ ချင်းပြည်နယ်တော်လှန်ရေးအင်အားစုများအတွက်လိုအပ်သည့် ဘဏ္ဍာငွေများရရှိရေး ငွေတိုက်စာချုပ်များရောင်းချရန် ICNCCတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန်စီစဉ်နေခြင်းဖြစ်သည်။ ထို့အတူ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့်လည်း ပူးပေါင်း၍ ရောင်းရန်ရှိသည်ဟု NUG စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် ငွေတိုက်စာချုပ်များကို အတိုးမဲ့ငွေတိုက်စာချုပ်အဖြစ်ရောင်းချနေခြင်းဖြစ်သည်။
People's Spring
No comments:
Post a Comment