မေ ၂၀၊ ၂၀၂၂ ခုနှစ်။
အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုကို အားပေးစေသောလုပ်ရပ်များ ရပ်ရွာအတွင်းတွင် ဖော်ဆောင်ခွင့်မပြုရန်နှင့် Non - CDM ပညာရေးလခစားများကို ပြည်သူဘက်ကို ရပ်တည်ပေးရန် မိုးဗြဲPDFက နောက်ဆုံးသတိပေးတိုက်တွန်းနိုးဆော်ကြောင်း မေလ ၂၀ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီယန္တရားကို အားပေးသော Non - CDM ပညာရေးလခစားများက ကျေးရွာအတွင်းရှိ ပြည်သူများ သဘောထားကွဲလွှဲစေရန် နှင့် ပညာရေးစနစ်ကောင်းကို နှောက်နှေးစေရန် ဦးတည်ပြီး ဝင်ရောက်စွတ်ဖက်နှောက်ယှက်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
သို့ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားကို အားပေးထောက်ခံသော မည်သည့်လုပ်ရပ်မျိုးကိုမဆို တွေ့ရှိရပါက ထိရောက်သောအရေးယူမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထာယသည်။
ဖယ်ခုံမြို့နယ်ပြည်သူလူထု နှင့် ပြည်သူ့ကာကွယ် ရေးတပ်များ ထိန်းချုပ်သည့်နယ်မြေတွင် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အကြံပြုလမ်းညွန်ချက်အတိုင်း ဖယ်ခုံမြို့ နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး သက်ဆိုင်ရာကျွမ်းကျင်သူများ ပညာရေးဘုတ်အဖွဲ့ နှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment