(မေလ ၂၉ ရက်)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ပိတောက်လမ်းမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးထိ မှန်ခဲ့ကြောင်းသိရပါတယ်။
ဒီကနေ့ မေလ ၂၉ ရက် နံနက် (၅:၀၀)ဝန်းကျင်အချိန်ခန့်က စစ်အုပ်စုပိုင် Mytel တာဝါတိုင်မှာ ဗုံးတစ်လုံးစတင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက် (၆:၄၉) မိနစ်အချိန်တွင် အဆိုပါ တာဝါတိုင်သို့ ဝင်ရောက်ရာလမ်း စာသင်ကျောင်းအနီး၌ ဒုတိယအကြမ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။
ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး လှိုင်သာယာမြို့နယ် ပကဖ များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တာဝါတိုင်ဖောက်ခွဲပြီးနောက် စစ်အုပ်စုများ လာရောက်စစ်ဆေးမည့် လမ်းခုလတ်မှာ ထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
၎င်းဗုံးပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ ဆက်သွယ်ရေးပုံးများထိမှန်ခဲ့ပြီး အနီးနားရှိနေအိမ် ပြတင်းပေါက်မှန်များအနည်းငယ်ထိမှန်ခဲ့ကာ ဒုတိယအကြိမ်ပေါက်ကွဲမှုတွင် ကွမ်းယာသည်အမျိုးသမီးတစ်ဦး ပေါက်ကွဲစ စင်၍ ခြေထောက်အနည်းငယ်ဒဏ်ရာရရှိခဲ့ပြီး လာရောက်စစ်ဆေးသူတစ်ဦးလည်း ထိမှန်ခဲ့ကာ သတင်းဖျောက်ထားတယ်လို့ အမည်မဖော်လိုသူ တစ်ဦးထံမှ သိရှိရပါသည်။
HTY Information
No comments:
Post a Comment