အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို KSOအဖွဲ့ ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပဒေသာမိုင်းဖြင့် သုံးကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Khin U Support Organization-KSO အဖွဲ့က ပြောသည်။
ယနေ့(မေလ ၆ ရက်) နံနက် ၈နာရီမိနစ်၅၀ခန့်က ခင်ဦးမြို့နယ် အင်းပတ်ကွေ့ရှိ စစ်ဆေးရေးဂိတ်အသွင် ရောက်လာသော အင်အား၃၀ခန့်ပါ အကြမ်းဖက်စစ်အုပ်စုအား ပဒေသာမိုင်းသုံးကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့က အသိပေးသည်။
ပဒေသာမိုင်းကြောင့် အကြမ်းဖက်စစ်သားများအတုံးအရုန်း လဲကျသေဆုံးပြီး ရေဦးမြို့ပေါ်မှ ကားနှစ်စီးဖြင့် တိုင်းရင်းဆေးရုံဘက်သို့ သယ်ဆောင်သွားသည်ဟု KSO က ပြောသည်။
"အကျအဆုံးများပါလိမ့်မယ်။ ပြန်တောင်မပစ်နိုင်ဘဲ ခွေးပြေးပြေးသွားရတယ်။"ဟု KSO အဖွဲ့က ပြောသည်။
မိုင်းမိခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် ရမ်းသမ်းပစ်ခတ်နေ၍ အင်းပတ်ကွေ့အနီးနေထိုင်သူများထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာပေါင်း ၁၇ ရွာမှ အိမ်ခြေတစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့သည်။
People's Spring
No comments:
Post a Comment