စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု ထုတ်ပြန်


မေ ၅၊ ၂၀၂၂ ခုနှစ်။

အကြမ်းဖက် စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOက မေလ ၅ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၂၂ရက်နေ့က ဝါဒဖြန့်မီဒီယာကတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပြီး ကိုယ်တိုင်တွေ့ဆုံမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

မေလ ၂ရက်နေ့တွင် ​အကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ထပ်ဆင့်အကြောင်းကြားလာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့ရာတွင်  နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးဆွေးနွေးဖြင့် အဖြေရှာရန် လိုအပ်ကြောင်း၊ ယခု ဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေး အဖြေရှာမည် ဟူသော သဘောထား မပါရှိကြောင်း KIO၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ၏ အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့်အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင် ဆွေးနွေးမည်ဖြစ်ကြောင်း KIO တရားဝင် ကြေညာချက် ထုတ်ပြန်သည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု ထုတ်ပြန် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ  KIO က မတက်ဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.