မတူပီမှပြန်လာသော စကစတပ်အား CDF-Mindat မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၇) ဦးသေဆုံး


မေ ၅

မတူပီမှ မင်းတပ်သို့ပြန်လာသော အကြမ်းဖက်စကစတပ်အား ယမန်နေ့ ညနေ ၃ နာရီခွဲမှစ၍ စကစနှင့် CDF-Mindat တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၅ နာရီ ၃၁ မိနစ်အချိန်ခန့်တွင် စကစဘက်မှ (၅) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်းနှင့် CDF တပ်ဖွဲ့၀င်များ လုံခြုံဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း‌ CDF-Mindat ကထုတ်ပြန်သည်။

သို့သော် ယမန်နေ့က စကစတပ်သား (၅) ဦး သေဆုံးခဲ့သည်ဆိုသည်မှာ ဗျူဟာမှူး သတင်းပေးပို့ချက်အရဖြစ်ပြီး တဖက်တွင်လည်း တပ်ရင်းမှုးတစ်ဦး ဦးဆောင်သောတပ်ဖွဲ့မှ "ပြောက်ကျားစနစ်" ဖြင့်တိုက်ခိုက်ခဲ့ရာ (၇) ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း CDF-Mindat မှ ယနေ့ မေလ ၅ ရကနေ့တွင် ထပ်မံထုတ်ပြန်သည်။

ယခုအချိန်တွင် ရာသီဥတု လွန်စွာဆိုးရွားနေပြီး CDF-Mindat ရဲဘော်များ ရာသီဥတုကို အံတုကာ အပြင်းအထန် တိုက်ပွဲဝင်လျက်ရှိနေပြီး ရှေ့တန်းလိုအပ်ချက်များအတွက် ဝိုင်းဝန်းလှုဒါန်းပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။


PDF Newsflash

မတူပီမှပြန်လာသော စကစတပ်အား CDF-Mindat မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၇) ဦးသေဆုံး မတူပီမှပြန်လာသော စကစတပ်အား CDF-Mindat မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၇) ဦးသေဆုံး Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.