ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ ငါးဦးသေ

အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ ခင်ဦးမြို့နယ် ကျေးရွာတွေက နေအိမ်တွေ/Photo - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မေ - ၇

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲ ရွာစဉ်ပတ်မွေကာ လူသတ်၊ လုယက်၊ ခိုးဝှက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့ မေ(၇)ရက် မနက်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုင်ခဲ့ပြီး စကစ တပ်ဖွဲ့ဝင် ငါးဦး သေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

ခင်ဦးမြို့ပေါ် ရဲစခန်းထဲကနေ ထွက်လာပြီး ကားခြောက်စီး၊ ဆိုင်ကယ် အစီး(၂၀)လောက်နဲ့ ခင်ဦး-ရေဦး ကားလမ်းအတိုင်း သွားလာနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို  ဒီကနေ့ မနက်(၉)နာရီခွဲ‌လောက်က ကံသစ်မူးဘောင် တံတားနှင့် ဂွေးကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့‌တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းထိသွားတဲ့ စစ်အုပ်စု ငါးဦး သေပြီး သုံးပွင့်ဗိုလ်အဆင့် အပါအဝင် နောက်ထပ် စကစ (၁၅)ဦးလောက်ထည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ခွေးတွေ လေး ငါးကောင် လောက်ကတော့ သေတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း ရွှေဘိုကို တန်းပို့တာ။ သူတို့ ကားတစ်စီးလည်း မှန်တွေဘာတွေ အကုန်အပေါက်တွေနဲ့ ပျက်စီးသွားတယ်" လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မိုင်းထိလို့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူ‌တွေကို ရွှေဘိုဆေးရုံကို ပိုဖို့အသွား ခင်ဦးအဝင် လွမ်းစေတီဘုရား အနီးမှာလည်း အကြမ်းဖက် စစ်အုပ်စု ထပ်မံ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိုင်းဆွဲခံရပြီး သေတဲ့ အကြမ်းဖက် စကစတွေကို ရွှေဘိုသချိင်္ုင်းထဲမှာ မြေမြူပ်ခဲ့ပြီး ဒဏ်ရာရတဲ့ စစ်အုပ်စုကိုတော့ ရွှေဘိုကို ပို့ထားတယ်လို့ ခင်ဦးသတင်းမှန်က ဖော်ပြပါတယ်။

မနေ့က မေ(၆)ရက် မနက်ပိုင်းကလည်း ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အင်အား(၃၀)လောက်ရှိတဲ့ အကြမ်းဖက် စစ်အုပ်စုကို အင်းပတ်ကွေ့ အနီးမှာ ဒေကာကွယ်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်း ခြောက်လုံးနဲ့ သုံးကြိမ် ဖောက်ခွဲ ဆိုက်ခိုက်ခဲ့လို့ စစ်အုပ်စု (၂၀)နီးပါး သေပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စု (၂၀)နီးပါး သေတဲ့ မနေ့က မိုင်းဆွဲတိုက်ခိုက်မှုကို Time Myint Mo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Khin U Support Organization-KSO မဟာမိတ် သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ခင်ဦးနယ်ထဲက ကျေးရွာတွေကို နေ့စဉ်ဆိုသလို ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေပြီး မနေ့က မနက်ပိုင်းမှာ ခင်ဦးနယ်က ရွှေကူတဲစုရွာကို စစ်အုပ်စု ဝင်မွှေလုယက်ပြီး မီးရှို့သလို ညနေပိုင်းမှာလည်း အိမ်ခြေ(၂၀၀)ရှိတဲ့ ကင်းပစ်ရွာထဲ အကြမ်းဖက် စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စု ဝင်မွှေလုယက်ပြီး မီးရှို့ဖျက်ဆီးလို့ ခင်ဦးနယ်ထဲ မီးလောင်ပြာကျသွားတဲ့ နေအိမ် တစ်ထောင်ကျော်ရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ဒေသခံ သောင်းနဲ့ချီရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ခင်ဦးနယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး ကျေးရွာတွေကို အကြမ်းဖက်စီးနင်းကာ လူသတ်၊ လုယက်၊ ဓာပြတိုက် ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP


ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ ငါးဦးသေ ခင်ဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စကစ ငါးဦးသေ Reviewed by THITHTOOLWIN on 00:17 Rating: 5

No comments:

Powered by Blogger.