ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့စစ်တပ်က တပ်ပြန်ဆုတ်ပြီး မိုင်းထောင်ထားခဲ့


ပေါင်းတည်၊ မေ၇၊ ၂၀၂၂။

ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စုက လဲပင်ရွာကို မီးရိူ့ပြီး စခန်းချနေတဲ့ စစ်ကောင်စီဟာ တပ်ပြန်အဆုတ်မှာ သူတို့နေတဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းကနေ အသင့်ထောင်ထားခဲ့တဲ့ မိုင်းတွေကို ပေါင်းတည် PDFကတွေ့ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေက လဲပင်ရွာကနေ သိမ်ကုန်းရွာကို တပ်ပြန်အဆုတ်မှာ မိုင်းထောင်သွားတာလို့ သိရပါတယ်။

"လဲပင်ဘုန်းကြီးကျောင်းမှာ စစ်တပ်က မိုင်းထောင်ထားတာ ဘယ်နှစ်လုံးရှိလဲမသိဘူး ခွေးတွေ သိမ်ကုန်းဆုတ်သွားပြီး လဲပင်ရွာထဲလည်း ရှိနိုင်တယ် PDFက ရှာတွေ့တာပါ လောလောဆယ်မဖော်သေးဘူး"လို့ ပေါင်းတည်PDFနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

လောလောဆယ်မှာ မီးရိူ့ခံရလို့ ရွာလုံးကျွတ်တိမ်းရှောင်နေရတဲ့ လဲပင်ရွာသား ၄၅၀ ကျော်ဟာ  ရွာကိုမပြန်ရဲပဲ နီးစပ်ရာကျေးရွာတွေမှာ ခိုကပ်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီလဲပင်ရွာကို PDFတွေ ခိုအောင်းတယ်ဆိုကာ စစ်တပ်က ကျေးရွာသားတွေကို မောင်းထုတ်ခဲ့ပြီးမှ  မတ်လ ၁၅ရက်နေ့ မနက် ၃ နာရီလောက်မှာ နေအိမ် ၁၆ လုံးကို မီးရိူ့ခဲ့ပြီး လဲပင်ဘုန်းကြီးကျောင်းမှာ စခန်းချနေတာဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့စစ်တပ်က တပ်ပြန်ဆုတ်ပြီး မိုင်းထောင်ထားခဲ့ ဘုန်းကြီးကျောင်းမှာ စခန်းချတဲ့စစ်တပ်က တပ်ပြန်ဆုတ်ပြီး မိုင်းထောင်ထားခဲ့ Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.