ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ နှစ်ယောက်သေ


မေ - ၇ 

မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဂိတ်က နှစ်ယောက်သေဆုံးသွးတယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။ 

ဒီနေ့ မေလ (၇)ရက် နေ့လယ် (၁၂)နာရီခွဲအချိန် ဝမ်းတွင်းမြို့ကနေ မိတ္ထီလာမြို့ဘက်ထွက်တဲ့ ကားလမ်းပေါ်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။ 

စစ်ဆေးရေးဂိတ်မှာရှိတဲ့ ရဲနှစ်ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်း များနိုင်ကြောင်း ဆက်လက်ထုတ်ပြန်ထားပါတယ်။ 

ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုဟာ မနေ့က မေလ (၆)ရက်နေ့မှာလည်း ပြည်သူလူထုအပေါ် အနိုင်ကျင့်၊ ဗိုလ်ကျ၊ အကြမ်းဖက် မီးရှို့နေတဲ့ စစ်အုပ်စုလက်ပါးစေ လျှပ်စစ်ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ ဝမ်းတွင်း လျှပ်စစ်ရုံး ဝန်ထမ်းအိမ်ယာကို ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်က ပျူစောထီးတို့ရဲ့ဖခင်လို့ ဆိုကြတဲ့ နိုင်လိုက် ဆီဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ဝမ်းတွင်းမြို့နယ် တောင်လှန်ရေးအင်အားစုက သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။ 


Mandalay Free Press - MFP

ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ နှစ်ယောက်သေ ဝမ်းတွင်းမြို့အထွက် စစ်အုပ်စုဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရလို့ နှစ်ယောက်သေ Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.