ဓာတ်ပုံ- တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများ |
မြောင်၊ မေ ၂
မြောင်မြို့နယ်၊ ဆွဲလဲအိုးကျေးရွာသို့ မေလ ၂ ရက်၊ နံနက်ပိုင်းက အင်အား ၁၀၀ ကျော်ဖြင့်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အ ကျဆုံးများကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများနှင့် တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ ဖက်မှ လေယာဉ်များရောက်ရှိလာသည်ဟု သတင်းအမှား လွှင့်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ၎င်းကဆိုသည်။
“သူတို့ကတိုက်လို့မနိုင်တော့ လေယာဉ်တွေလာပြီဆိုပြီး သတင်းအမှားလွှင့်တယ်။ တော်လှန်ရေးရဲဘော်တွေက လေယာဉ်တွေ လာမယ်ဆိုပြီး သတင်းရလို့ပြန်ဆုတ်ခဲ့တာ”ဟု မြောင်မြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် တော် လှန်ရေးရဲဘော်တစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ပါသော်လည်း စစ်သားအင်အားနည်းပါးပြီး စစ်တပ် လက်အောက်ခံရဲနှင့် ပျူစောထီးအဖွဲ့က ပိုမိုများပြားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် အထိခိုက်အကျဆုံးများ ကာ မြောင်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီလက်ပါးစေများ၏ ထိခိုက်ကျဆုံးမှု အတိအကျကို အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ဗုံးသီးများ၊ ကျည်ဆံများနှင့် လက်ပစ်ဗုံးအပြင် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment