မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့်

ပုံစာ- စစ်ကောင်စီဘက်မှ သတင်းမှားဖြန့်ဝေသည့် ပုံအားတွေ့ရစဉ်။

မန္တလေး၊ မေ ၇

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဒုဋ္ဌဝတီ မြစ်ဘေးက မြလိပ်တောင်ထိပ်မှာ အာဏာရှင်ဆန့် ကျင်ကြောင်း ဗီနိုင်းချိတ်ဆွဲခဲ့သည့် သပိတ်ဝင်များ ဖမ်းဆီးပစ်သတ်ခံရသည်ဟု စစ်ကောင်စီဘက်မှ ပုံအတုများဖြင့် သ တင်းမှားများဖြန့်ဝေသော်လည်း အဆိုပါတောင်ထိပ်သို့သွားသည့် မန္တလေးသ ပိတ်အဖွဲ့ဝင်များအားလုံး အန္တ ရာယ်ကင်းရှင်းကြောင်း မန္တလေးသပိတ်ကော်မ တီက လူငယ့်ခေတ်သို့ အတည်ပြုသည်။

"သက်သက်မဲ့ ဝါဒဖြန့်တဲ့သတင်းပါ။ ပုံအတုနဲ့ဝါဒဖြန့်တာလို့ပဲ ပြောရမယ်ဗျ" ဟု မန္တလေးသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၃ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲခဲ့သည့်အတွက် မေလ ၅ ရက်တွင် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ဖြင့် တောင်ခြေတွင် စစ်ကောင်စီတပ်များက တပ်ဆွဲခဲ့သည်။

ထို့နောက် ယနေ့ မေလ ၇ ရက်တွင် မြလိပ်တောင်ပေါ်တွင် ဗီနိုင်းချိတ်ဆွဲသူများမှ နှစ်ဦးကို အသေဖမ်းမိပြီး အမျိုးသမီး တစ်ဦးအပါအဝင် လေးဦးဖမ်းမိကြောင်း စစ်ကောင်စီဘက်က သတင်းအမှားများ ထုတ်ပြန်ထားခြင်းဖြစ် သည်။

"ဒီကောင်တွေ တော်တော်ကျပ်မပြည့်တာဗျ ကျွန်တော်တို့ကတောင် ပြန်ရောက်ပြီးမှ ပုံတင်တာ။ သူတို့က အခု ဖမ်းမိနေတာ။ ပုံကိုဂတုံးနဲ့ လူတောင်ရှာရိုက်ထားသေးတယ် "ဟု မြလိပ်တောင်တွင် အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲခဲ့သည့် သပိတ်အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီဘက်မှ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့်ပုံကို သပိတ်အဖွဲ့များ ချိတ်ဆွဲထားသည့် အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းအား တောင်အောက်သို့ ပြန်လည်သယ်ယူလာပြီး ရိုက်ထားသောပုံနှင့် ဝါဒ ဖြန့်ထားခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မန္တလေးသပိတ်အဖွဲ့ဝင် အားလုံးဘေးကင်းကြောင်း သိရပြီး မန္တလေးမြို့တွင်းတွင် စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။


Lu Nge Khit

မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့် မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့် Reviewed by THITHTOOLWIN on 00:35 Rating: 5

No comments:

Powered by Blogger.