စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

ယနေ့ (မေ ၂ ရက်)နေ့လယ်၂ နာရီခန့်ကစ၍ အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံမဟာမိတ်ညီနောင်များမှ လက်ပန်ရွာအနီးအရောက်တွင်ဆွဲမိုင်းတလုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည်ဟု ဆိုသည်။

ထို့နောက် ဦးဥတ္တမလမ်းခွဲအရောက်တွင်မိုင်းသုံး လုံးအပါအဝင် (၄၀) မမနှင့်(၆၀) မမတို့ဖြင့်တိုက်ခိုက်ရာ စစ်သား ၁၀ဦး သေဆုံးပြီး အုတ်ဖိုရွာအနီးအရောက်တွင်လည်း စစ်ကောင်စီတပ်သား ငါးဦး ထပ်မံသေဆုံးသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဘုတလင်မြို့မှထွက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှုကြောင့် စိုင်ပြင်မြို့မှတပ်ကူထွက်လာသော စစ်ကောင်စီတပ်ကို စိုင်ပြင်တောင်ဘက် နွားခြံအနီး ပဒေသာမိုင်း ၅ လုံးအပြင် လက်နက်များဖြင့် ပူးပေါင်းတိုက်ခိုက်ရာ  ၂၀ဦးခန့် သေဆုံးသည်ဟု အသိပေးသည်။

"ကျန်စခများကိုဆက်လက် အပြတ်ရှင်းတိုက်ဖို့ ည ၈ နာရီထိပြည်ချစ်စိတ်ဓာတ်အပြည့်နှင့်စိတ်အားထက်သန်စွာဆက်လက်အသင့်နေရာယူစောင့်ဆိုင်းကြဆဲဟုသိရပါတယ်"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ယနေ့ တိုက်ခိုက်မှုဖြစ်စဥ်များအနက် စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ဦးခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။


People's Spring 

စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.