စစ်ကောင်စီက ရေဦးမြို့နယ် နှောကုန်းကျေးရွာကို မီးရှို့ပြီး အမျိုးသမီး ၁ဦးကို ပစ်သတ်သွား


ရေဦး၊ မေ ၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ နှောကုန်း ကျေးရွာကို ယနေ့ မေ ၆ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက ဝင်ရောက် လာပြီး မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြော သည်။

စစ်ကောင်စီတပ်သား များက အိမ်ခြေ ၆၀၀ခန့်ရှိသည့် နှောကုန်းကျေးရွာသို့ ဝင်ရောက်လာပြီး ရွာလယ်မှာရှိသည့် လူနေအိမ် ၆ ဆောင်ကို မီးရှို့ ကာ အသက် ၂၀ကျော်အရွယ်ရှိသည့် အမျိုးသမီး တစ်ဦးကိုလည်း ပစ်သတ်သွားသည်ဟု နှောကုန်ကျေးရွာသားတစ်ဦးက ပြောသည်။

"ရွာလယ်ပိုင်းက အိမ် ၆လုံး ပြာကျသွားတယ်။ မိန်းကလေးတစ်ဦးကိုလည်း အဲဒီခွေးတွေ ပစ်သတ်သွားတယ်။ ဒီကောင်တွေက ကားနဲ့လာတာ။ သတင်းပေးရှိနေလားမသိဘူး။ ရွာထဲဝင်တာနဲ့ သေနတ်ပစ်ပြီးတော့ တခါတည်းနဲ့ အိမ်၆ လုံးကို တန်းမီးရှို့သွားတာ။"ဟု ပြောသည်။

အဆိုပါကျေးရွာအနီးအနားတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် လာရောက်မီးရှို့သွားခြင်းဖြစ်သည်။ ယင်းအပြင်  စစ်ကောင်စီများမှာ မီးရှို့ပြီး၍ချက်ချက်ဆိုသလို ပြန်သွားကြသည်ဟု အထက်ပါ‌ အမျိုးသားကပြောသည်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီက ရေဦးမြို့နယ် နှောကုန်းကျေးရွာကို မီးရှို့ပြီး အမျိုးသမီး ၁ဦးကို ပစ်သတ်သွား စစ်ကောင်စီက ရေဦးမြို့နယ် နှောကုန်းကျေးရွာကို မီးရှို့ပြီး အမျိုးသမီး ၁ဦးကို ပစ်သတ်သွား Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.