● အပြင်ထွက်တိုင်း ပစ်ခံရ၍ ကနီ၊ ဝင်မနားရဲစခန်းမှ ရဲနှင့်စစ်သားများ စခန်းစွန့်ထွက်ပြေး
ကနီ၊ မေ (၆)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားရဲစခန်းကသိမ်းဆည်းထားသည့် ပြည်သူ့ပစ္စည်းများကို MDF နှင့် KPDF(ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကိုမီးရှိုဖျက်ဆီးခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ထိုစခန်း၌ ရဲနှင့် စစ်တပ်အင်အား (၃၀) ဝန်းကျင်ရှိပြီး မေလ (၄) ရက်နေ့က ဘုတလင်ဘက်သို့ ထွက်ပြေးသွားကြကြောင်း MDF မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
“ခလရ(၈၇)နဲ့ပေါင်းပြီး (၄) ရက်နေ့က သူတို့ စခန်းကိုမီးရှို့ပြီးထွက်သွားတယ် မသွားခင် အဲ့ကောင်တွေက စခန်းပတ်လည်ရော အထဲရောမိုင်းတွေထောင်သွားတယ်။ ကျွန်တော်တို့က ရှင်းလင်းရေးဝင်လုပ်တဲ့အချိန် ပြည်သူ (၂) ဦးဝင်လာရင် မိုင်းနင်မိပြီးခြေထောက်ပြတ်တာတွေတော့ ရှိခဲ့တယ်။” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထိုကြောင့် အဆိုပါ စခန်းရှိ ကျန်ရှိမိုင်းများကို ရှင်းလင်မှုများလုပ်ဆောင်ခဲ့ပြီး ရဲစခန်းပင်မအဆောင်နှင့်အခြားအဆောင်များကိုပါ ရှင်းလင်းမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ဝင်မနားစခန်းသည် နှစ်ကြိမ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး မင်းကင်း၊ ကနီ နယ်မြေအတွင်း အလုံးစုံနယ်မြေစိုးမိုးရန် ကျန်သည့် စစ်ကောင်စီလက်ပါးစေအခြေစိုက် စခန်း (၂) ခုအနက်မှ တစ်ခုဖြစ်သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် Myanmar Defense Force (MDF)က ဖော်ပြထားသည်။
"ဝင်မနားရဲစခန်း တစ်ယောက်ထွက်လာ၊ တစ်ယောက်ပစ်။ ရိက္ခာလာပို့၊ ပို့တဲ့သူပြစ် နောက်ဆုံးတော့ ဝင်မနားစခန်းမှခွေးများ စခန်းစွန့်ခွာထွက်ပြေးခဲ့ရ" ဟုလည်း MDF က ဓာတ်ပုံများထုတ်ပြန်ချိန် ရေးသားထားသည်။
ယခုစခန်းအား ရှင်းလင်းနိုင်ပြီးနောက် စစ်ကောင်စီလက်ပါးစေအခြေစိုက်စခန်းတစ်ခုကို ထပ်မံရှင်းလင်းပြီးလျှင် မင်းကင်းနှင့် ကနီမြို့နယ်သည် အလုံးစုံစိုးမိုးနယ်မြေဖြစ်တော့မည်ဟု ဆိုသည်။
Lu Nge Khit
No comments:
Post a Comment