စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး


မြိုင်၊ မေ ၁၅ ၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ မေလ ၁၅ ရက်မနေ့က စစ်ကောင်စီထောက်ပို့ကား ၁ စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။  

ခန့်မှန်းခြေ စစ်သားနဲ့ ပျူစောထီး ၁၁ ဦး နီးပါးလိုက်ပါလာတဲ့ အဲ့ဒီထောက်ပို့ကားဟာ ပခုက္ကူမြို့နယ်၊ ကမ္မရွာဘက်က ထွက်လာတာဖြစ်ပြီး၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ရွာနဲ့ သရက်ကန်ရွာကို ပို့မယ့်ကားလို့ သိရတာကြောင့် အဲ့ဒီအနီးတဝိုက်မှာပဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးကြိုတိုက်ခိုက်ခဲ့တာလို့ ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ရာက ပြောပါတယ်။ 

“နှမ်းဆီကန်နဲ့ သရက်ကန်ရွာကို ကူးတဲ့ထောက်ပို့ကားကို ကျနော်တို့မိုင်းဆွဲတိုက်ခိုက်တယ်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားက သစ်ပင်ဝင်အောင်းတယ်၊ သစ်ပင်ဝင်အောင်းတဲ့အချိန် ကျနော်တို့က ပစ်ခတ်လို့ ၂ ယောက်သေတယ်၊ ကားပေါ်မှာ ၁၁ ကောင်လောက်ပါတယ်၊” လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာက ပျူစောထီးခေါင်းဆောင် ဝင်းငွေ ဆိုသူ အပါအဝင် ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာလည်း အဲ့ဒီအနီးတဝိုက်ရှိ တွင်းမ နဲ့ ရေလာလေးရွာက ပျူစောထီးအဖွဲ့ဝင်တွေထွက်လာကာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး နှင်းဆီကန်ရွာကနေအိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ရွာကိုမီးရှို့တဲ့တချိန်တည်းမှာပဲ နှင်းဆီကန်ရွာသားတဦးကိုလည်း စစ်တပ်ကသေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ ဒီဖြစ်စဥ်နဲ့ပက်သက်တဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရွာဘက်က စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီကား ၇ စီးကို တဲကြီးနဲ့ နယ်သတ်ရွာအနီးမှာ မြိုင် PDF နဲ့ မဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃၀ ဦးနီးပါးသေဆုံးခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး စစ်ကောင်စီထောက်ပို့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.