မြင်းခြံနှင့် ​တောင်သာမြို့တို့ရှိ စစ်အုပ်စု​နေရာများကို ​ဖောက်ခွဲတိုက်ခိုက်


မန္တလေးတိုင်း၊ မြင်းခြံနှင့် တောင်သာမြို့တို့ရှိ ခရိုင်တရား ရုံးအနီးအပါအဝင် မြို့ပေါ်နေရာအများအပြားအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက ပြောသည်။ 

မေလ ၅ရက် နံနက် ၉နာရီခန့်က မြင်းခြံမြို့၊ ပြောင်းပြာတံတားမြောက်ထိပ်၌ ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မိုင်းဆွဲကာတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း မဟာမိတ်အဖွဲ့များက ပြောသည်။ 

ယမန်နေ့ (မေလ ၆ ရက်)နံနက် ၁၁နာရီခန့်တွင် မြင်းခြံမြို့ ခရိုင်တရားရုံးနှင့် ယာဥ်ထိန်းရဲရုံးကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ ထိုနေ့တွင်ပင် တောင်သာမြို့နယ်အထွက် အကြမ်းဖက်စစ်တ​ပ်၏ကင်းတဲအား မိုင်းဆွဲကာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် စာတမ်းချိတ်ဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။ 

"ဖောက်ခွဲ စစ်ဆင်ရေးများပြုလုပ်ပြီး မအလနှင့်အပေါင်းအပါများအသက်သည် ကျွန်ုပ်တို့လက်ထဲတွင်ရှိကြောင်းသတိပေးခဲ့ပါသည်"ဟု မဟာမိတ်အဖွဲ့များက ရေးသားထားသည်။ 

အဆိုပါဖြစ်စဥ်များအား မဟာမိတ်အဖွဲ့ ​လေးဖွဲ့ဖြစ်သော TTAပြောက်ကျားတပ်(တောင်သာ)၊ မြေလတ်-PDF MGN District၊ 27 Revolution Force နှင့် Seven People Defense Force အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိ​ပေးသည်။ 

မြင်းခြံမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းရာ ဒေသတစ်ခုဖြစ်သည်။


People's Spring 

မြင်းခြံနှင့် ​တောင်သာမြို့တို့ရှိ စစ်အုပ်စု​နေရာများကို ​ဖောက်ခွဲတိုက်ခိုက် မြင်းခြံနှင့် ​တောင်သာမြို့တို့ရှိ စစ်အုပ်စု​နေရာများကို ​ဖောက်ခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.