အင်မထီးရွာက စစ်တပ်နဲ့ပျူစောထီးတွေအဝိုင်းခံရပြီး လက်နက်ကြီးနဲ့အပစ်ခံရလို့ သေဆုံးမှုများနိုင်၊ အော်ဟစ်ငိုကြွေးသံများကြားရဟုဆို

ရုပ်သံ-ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့


မေလ ၇ ရက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ အင်မထီးကျေးရွာတွင် တပ်စွဲစခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်များကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ မေလ ၆ ရက်နေ့ ညနေ ၅ နာရီဝန်း ကျင်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံကသိရသည်။

လက်နက်ကြီးအချက် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ် သားနှင့်ပျူစောထီးများ အများအပြားသေဆုံးနိုင်ကာ အော်ဟစ်ငိုကြွေးသံများကြားနေရသည်ဟု ဆိုသည်။

"ကျွန်တော်တို့အတွင်းသတင်းရလို့ ဝင်တိုက်တာ။မနေ့ ကမနက်ပိုင်းတိုက်ပွဲမှာ နှစ်ယောက်သေလို့သူတို့ဘက်က မကျေမနပ်ဖြစ်ပီး တပ်ဆွဲထားတဲ့နေရကနေ လက်နက်ကြီးနဲ့အရင် ရမ်းသမ်းဖြစ်တာ။သူတို့ပစ်ပီးမှ ကျနော်တို့ဘက်က သူတို့စခန်းအနားထိသွားပြီး ပြန်ပစ်တာ။သူတို့နေတဲ့နေရာမှာ ပြည်သူတွေလဲမရှိတော့ပစ်လိုက်တိုင်း တည့်တည့်ကျတယ် ဒါကြောင်းအသေပြောက်များမယ်။ အော်ဟစ်ငိုသံ တွေကအစကြားရတယ်" လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်တပ်နှင့်ပျူစောထီးများကို ကျား သစ်နက်ပြောက်ကျားတပ်ဖွဲ့၊PRA ခွဲ ၂၃၊ပုလဲလွင်ပြင်ကာကွယ်ရေးအင်အားစုPPDG၊ပုလဲဂျော်ကာအဖွဲ့ ၊မြေ ပြင်သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ကပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ၎င်းတိုက်ပွဲသည် စစ်ကောင်စီအတွင်းသတင်းပေးအရ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပီး သေဆုံးမှုစာရင်းကို အတွင်းသတင်းထပ်မံရရှိပါကအချိန်မှီ ထုတ်ပြန် သွားမည်ဟု ကျားသစ်နက်တပ်ဖွဲ့ဝင်များကပြော သည်။

မေလ ၆ ရက်နံနက်ပိုင်း ၉ နာရီကလည်း အင်ပင်ထီးရွာတွင်စခန်းချထားသည့် စစ်ကောင်စီတပ်၊ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် ကျားသစ်နက်ပူးပေါင်းတပ်ဖွဲ့တို့ တိုက် ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း ယနေ့အချိန်ထိ စစ်ကောင်စီပျူစောထီးပူးပေါင်းနှင့်ဒေသကာကွယ်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံကသိရသည်။


Ayeyarwaddy Times 

အင်မထီးရွာက စစ်တပ်နဲ့ပျူစောထီးတွေအဝိုင်းခံရပြီး လက်နက်ကြီးနဲ့အပစ်ခံရလို့ သေဆုံးမှုများနိုင်၊ အော်ဟစ်ငိုကြွေးသံများကြားရဟုဆို အင်မထီးရွာက စစ်တပ်နဲ့ပျူစောထီးတွေအဝိုင်းခံရပြီး လက်နက်ကြီးနဲ့အပစ်ခံရလို့ သေဆုံးမှုများနိုင်၊  အော်ဟစ်ငိုကြွေးသံများကြားရဟုဆို Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.