ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က စစ်အုပ်စုပိုင် မြဝတီဘဏ်/Photo – S |
မေ- ၁၃
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၁၁၅) လမ်းပေါ်က အကြမ်းဖက်စစ်အုပ်စုရဲ့ မြဝတီဘဏ်မှာ ဒီကနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး မှန်ပြတင်းတွေ ကွဲကြေပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီကနေ့ မေ(၁၃)ရက် ညနေ(၄)နာရီကျော်က ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ (၁၁၅) (သာယာဝတီမင်းကြီး)လမ်းနှင့် (၇၅-C)လမ်းဒေါင့်က မြဝတီဘဏ်အတွင်း လက်လုပ်ဗုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ ပေါက်ကွဲမှု့ကြောင့် ဘဏ်နှစ်ထပ်အဆောက်အဦးရဲ့ မှန်ပြတင်းတွေ ကွဲကြေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လူထိခိုက်မှု ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။
ဘဏ်ထဲ ပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်အုပ်စုက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး စစ်ဆေးမေးမြန်း ရန်ပြုတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ကင်းပုန်းတွေချ၊ ဂိတ်တွေဖွင့်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေသလို သူတို့ပိုင်တဲ့ ဘဏ်တွေ၊ အဆာက်အဦးတွေမှာ အစောင့်တွေချထားပြီး ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။ လက်နက်ကိုင်တွေ အစောင့်ချထားတဲ့ကြားက မန္တလေးမြို့ပေါ်က စစ်အုပ်စုနှင့် ဆက်စပ်တဲ့ ဘဏ်တွေ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment