မအူပင်မြို့တွင် သွေးသောက်အဖွဲ့မှ ဒေသခံတဦးအား ဧည့်စာရင်းစစ်မည်ပြောကာ သေနတ်ဖြင့်ဝင်ပစ်


မအူပင်၊ မေလ ၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် မေလ ၈ ရက်နေ့ည ၁၁ နာရီလောက်တွင် သွေးသောက်အဖွဲ့က ဧည့်စာရင်း စစ်မယ်ပြောဆိုကာ ဒေသခံပြည်သူတဦးအိမ်ကို ဝင်ပြီး သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

အမှတ် ၉ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇော်ဝင်းမြင့်နေအိမ်ကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးကို အိမ်ရှေ့ကလာပြီး ဧည့်စာရင်းစစ်မယ်ပြောလို့ တံခါးဖွင့်ပေးချိန်မှာ သေနတ်နဲ့ပစ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ ဧည့်စာရင်းလာစစ်တယ်ကြားလို့ အိမ်ပိုင်ရှင်က တံခါးဖွင့်ပေးတဲ့အချိန်မှာ ပစ်သွားတာ ကိုဇော်ဝင်းမြင့်က အိပ်နေတော့ လက်မောင်းကိုထိသွားတာ ပစ်တာက သူ့ကိုသေချာပစ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုဇော်ဝင်းမြင့်ကို သေနတ်နဲ့ပစ်သွားပြီးနောက်ပိုင်း ဆိုင်ကယ် ၂ စီးနဲ့ လူ ၄ ဦးက ခြံရှေ့မှာ “ မအူပင် သွေးသောက်” အဖွဲ့ဆိုတဲ့ စာပါတဲ့ သတိပေးစာကို ချသွားတယ်လို့ဆိုပါတယ်။

ဒါ့ပြင် မနေ့ကတညထဲမှာပဲ မအူပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရြ့ အိမ်ရှေ့မှာလည်း “ နင်အေးဆေးနေ မနေရင် နင်မိသားစုကို နင်ပြန်သတ်တာဘဲ” ဆိုတဲ့ ခြိမ်းခြောက်စာချသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မအူပင်မြို့မှာ မေလ ၄ ရက်နေ့ ညပိုင်းကလည်း NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး အိမ်ကို သွေးသောက်အဖွဲ့က လာရောက်မီးရှို့ခဲ့သေးတယ်လို့ ဆိုပါတယ်။

မီးရှို့တဲ့အချိန်မှာ ပတ်ဝန်းကျင်ကအတွေ့မြန်လို့ မီးငြိမ်းသတ်ခဲ့တာကြောင့် အိမ်မလောင်ခဲ့ပေမယ့် လာလုပ်တဲ့ သူတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးပြီး ပေါင်းနေတဲ့ သူတွေဖြစ်တယ်လို့ မျက်မြင် တွေ့သူတွေက ပြောပါတယ်။


Ayeyarwaddy Times 

မအူပင်မြို့တွင် သွေးသောက်အဖွဲ့မှ ဒေသခံတဦးအား ဧည့်စာရင်းစစ်မည်ပြောကာ သေနတ်ဖြင့်ဝင်ပစ် မအူပင်မြို့တွင် သွေးသောက်အဖွဲ့မှ ဒေသခံတဦးအား ဧည့်စာရင်းစစ်မည်ပြောကာ သေနတ်ဖြင့်ဝင်ပစ် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.