ကလေးမြို့နယ် အရှေ့စည်းရွာကို အကြမ်းဖက် စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Photo – Voice Of Kalay

မေ- ၃

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက အိမ်ခြေ(၉၀၀)နီးပါး ရှိတဲ့ အရှေ့စည်းကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ထင်တိုင်းကျဲ မွှေနှောက်ကာ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် မေ(၁)ရက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေထဲ ရွာစဉ်ပတ်မွှေ ခိုးယူလုယက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဧပြီ(၂၇)ရက်က အရှေ့စည်းရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အထိနာ အသေများခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက် စစ်အုပ်စုဟာ ဖရိုဖရဲထွက်ပြေးသွားပြီးနောက် ထပ်မံလာရောက်၍ အရှေ့စည်းရွာထဲ ဝင်မွှေလုယက် ဖောက်ထွင်းခိုးယူကာ အခုလို ရွာကိုပါ မီးရှို့သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး ရွာတွေကို အကြမ်းဖက်စီးနင်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

ကလေးမြို့နယ် အရှေ့စည်းရွာကို အကြမ်းဖက် စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ကလေးမြို့နယ် အရှေ့စည်းရွာကို အကြမ်းဖက် စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 02:54 Rating: 5

No comments:

Powered by Blogger.