ကသာ၊ မေ ၄ရက်၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်လေးပင် ကျေးရွာမှ သားအဖ ၂ ဦးကို ယနေ့ မေ ၄ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများက လည်ပင်းလှီးကာ သတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အသတ်ခံရသူများမှာ အဖဖြစ်သူ ဦးအောင်နိုင်နှင့် သားဖြစ်သူ ကိုမင်းဇော်ဟိန်းတို့ ဖြစ်ပြီး စစ်ကောင်စီတပ်သားများက ဆိုင်ကယ် ၄စီးဖြင့် လာရောက်ကာ နေအိမ်အတွင်းမှာပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသံအမျိုးသမီးတစ်ဦးက ပြောသည်။
"စစ်သားတွေ ၁၀ယောက်လောက်ပါတယ်။ သေနတ်တွေဖောက်လို့ဝင်လာတာ။ ဦးအောင်နိုင် တို့အိမ်ကို ဝင်သွားပြီးတော့ သားဖနှစ်ယောက် လုံးကို သတ်သွားခဲ့တာ။ သေနတ်တွေနဲ့လေ့ ပစ်သွားတယ်။ လည်ပင်းကို ဓားနဲ့လှီးသွားကြတယ်။ လည်ပင်းက မပြတ်တစ်ပြတ်ကျန်ခဲ့တယ်။ စစ်သားတွေကတော့ အင်းရွာဖက်ကို ထွက်သွားကြတယ်"ဟု ပြောသည်။
အဆိုပါသားဖ ၂ဦးကို မည်သည့်အတွက်ကြောင်း သတ်သွားခဲ့သည်ကို ဒေသခံများအနေဖြင့် မသိရှိကြသလို ၎င်းပတ်ဝန်းကျင်း၌လည်း တိုက်ပွဲဖြစ် ပွားမှုများမရှိဟု ဒေသခံများကဆိုသည်။
ပျဉ်လေးပင်ကျေးရွာနှင့် နီးစပ်လျှက်ရှိနေသည့် အင်းရွာကျေးရွာ၌ စစ်ကောင်စီတပ်မ ၉၉ မှာစခန်းချ နေထိုင်လျှက်ရှိကြောင်း ဒေသခံရွာသား များကပြောသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment