မွန်ပြည်နယ် ၊ မုဒုံမြို့ ၊ မြို့မ ၄ ရပ်ကွက် ရုံးကို မေလ ၆ ရက်နံနက်ပိုင်းတွင် အဝေထိန်းမိုင်းနှစ်လုံးအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တာ၀န် ရှိသူကပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် မုဒုံမြို့နယ်တွင် ပထမဦးဆုံး လှုပ်ရှားခဲ့သည့် စစ်ဆင်ရေးဖြစ်ပြီး ရပ်ကွက်ရုံးအတွင်းရှိ လူတစ်ဦးကို ထိခိုက်စေခဲ့သည်ဟု ၎င်းကပြောသည်။
"ဆုတ်ခွာရတဲ့ လမ်းကြောင်းရှည်တော့ နောက်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြန်မကြည့်နိုင်ခဲ့ဘူး။ တစ်ယောက်တော့ ထိတယ်ပြောပါတယ်" ဟု မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း တာ၀န်ရှိသူကပြောသည်။
မုဒုံမြို့ပေါ်တွင် မေလ ၆ ရက် နံနက် ၁၀ နာရီခန့်ကပေါက်ကွဲသံနှစ်ခု ကျယ်လောင် စွာကြားခဲ့ရကြောင်း အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ရကြောင်း မြို့ခံတစ်ဦးကပြောသည်။
"သေတာက ရုံးစာရေးမလို့ ပြောတယ်ဗျ။ ချက်ခြင်းသေတာမဟုတ်ဘူး။ ဆေးရုံအသွားမှာသေတာလို့ပြောတယ်။ မုဒုံရပ်ကွက် ရုံးတွေမှာက လူအများကြီးမရှိတာများတယ်" ဟု ၎င်းကပြောသည်။
Lu Nge Khit
No comments:
Post a Comment