အော်ရီဒူးကုမ္ပဏီက ကားနှင့်စက်သုံးဆီ ဂါလံ ၁၅၀ ခန့် ကို ချိုမိုင်မိုင်အဖွဲ့က ဖမ်းဆီး၊ ဖုန်းနှင့်အင်တာနက်လိုင်းပြန်ဖွင့်ပေးလျှင် ပြန်ပေးမည်ဟုဆို

ဓာတ်ပုံ- ချိုမိုင်မိုင် 

မေလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း မုံရွာ- ယာကြီး -ကလေးဝလမ်းပေါ် ငါးမိုင်ဂိတ်အနီးတွင် ဆက်သွယ်ရေးအော်ပရေတာ အော်ရီဒူးကုမ္ပဏီပိုင်​ကားတစီး ကို ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစု ချိုမိုင်မိုင်အဖွဲ့က ယနေ့ မေလ ၅ ရက်တွင်ဖမ်းဆီးထားကြောင်း ၄င်းအဖွဲ့ကဆို သည်။

အဆိုပါကားသည် PDF က ခေတ္တအသုံးမပြုရန်ထုတ်ပြန်ထားသည့် မုံရွာ-ယာကြီး-ကလေးဝလမ်းကို မောင်းနှင်လာသဖြင့် တားဆီးစစ်ဆေးရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အော်ရီဒူးဝန်ထမ်း ၄ ဦးနှင့် ဆီပေပါ ၄ လုံး(ဆီဂါလံ၁၅၀ ခန့်)ပါရှိကြောင်း သိရသည်။

ချိုမိုင်မိုင်အဖွဲ့အနေဖြင့် အော်ရီဒူးဝန်ထမ်း ၄ ဦးကို ပြန် လည်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ကားနှင့်ဆီပေပါများကို သိမ်းဆည်းထားကာ ၄င်းတို့တောင်းဆိုသည့်အချက်သုံးချက်အား တလအတွင်း လိုက်လျောပေးပါက အော်ရီဒူးကုမ္ပဏီကိုပြန်လည်ပေးအပ်မည်ဟု ဆိုသည်။

"ဖမ်းမိတာက မနက် ၇ နာရီခွဲလောက်ကပေါ့။ ကျွန် တော်တို့တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို ဒီနေ့ကစပြီး တလအတွင်း လိုက်လျောပေးရင်  ဒီကုမ္ပဏီကသိမ်းဆည်းခဲ့တဲ့ပစ္စည်းတွေကိုပြန်ပေးမှာပါ။ ဒီလိုမှလိုက်​လျောမပေးဘူးဆိုရင်တော့ အဲ့တာတွေကို တော်လှန်ရေးအတွက်သုံး စွဲသွားမှာဖြစ်တယ်" လို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးက ဧရာ ဝတီတိုင်းမ်ကိုပြော သည်။

အဆိုပါ အချက်သုံးချက်မှာ အန္တရာယ်ရှိနိုင်၍ PDF က ယာယီထုတ်ပြန်ပိတ်ထားသည့် လမ်းပိုင်းများကို အသုံး ပြုမှုမပြုလုပ်ခြင်း၊ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ စေခိုင်းသည့်အတိုင်း စစ် ကိုင်းတိုင်းအတွင်းဆက်သွယ်ရေးလိုင်းများ၊ အင်တာနက် လိုင်းများ ဖြတ်တောက်ခြင်း၊ သုံးစွဲသူပြည်သူများအပေါ် စစ်ကောင်စီအလိုကျ ဖုန်းဘေအခွန်များ တိုးမြှင့်ကောက် ခံခြင်း စသည့်အချက်များဖြစ်ကြောင်း ၄င်းကဆက် လက်ပြောသည်။

ချိုမိုင်မိုင်တပ်ဖွဲ့အနေဖြင့် လက်နက်ကြီးကိုသာအား ပြု၍ တိုက်ခိုက်နေရပြီး လက်နက်ငယ်လိုအပ်ချက်များရှိနေကြောင်း ချိုမိုင်မိုင်တပ်ဖွဲ့မှ ရဲဘော်တဦးက ဆိုသည်။


Ayeyarwaddy Times 

အော်ရီဒူးကုမ္ပဏီက ကားနှင့်စက်သုံးဆီ ဂါလံ ၁၅၀ ခန့် ကို ချိုမိုင်မိုင်အဖွဲ့က ဖမ်းဆီး၊ ဖုန်းနှင့်အင်တာနက်လိုင်းပြန်ဖွင့်ပေးလျှင် ပြန်ပေးမည်ဟုဆို အော်ရီဒူးကုမ္ပဏီက ကားနှင့်စက်သုံးဆီ ဂါလံ ၁၅၀ ခန့် ကို ချိုမိုင်မိုင်အဖွဲ့က ဖမ်းဆီး၊ ဖုန်းနှင့်အင်တာနက်လိုင်းပြန်ဖွင့်ပေးလျှင် ပြန်ပေးမည်ဟုဆို Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.