အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ


မြောင်၊ မေ ၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ မင်းတန်းရွာတွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ် သည် မေလ ၄ ရက်၊ နံနက်ပိုင်းက အင်အား ၁၀၀ ကျော်ဖြင့်စစ်ကြောင်းထွက်လာစဉ် အဆင့်မြှင့်တင်ထားသည့် ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် T G R ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

“သူတို့က သောင်ကြီးရွာဘက်ကိုဦးတည်ပြီး စစ်ကြောင်းထွက်လာတာ။ အထိ အခိုက် အသေဆုံးတော့ရှိနိုင်တယ်။ အတိအကျတော့ မသိရဘူး။ သူတို့စစ် ကြောင်းမှာ လူသားဒိုင်းသုံးတာတော့ မတွေ့ဘူး”ဟု ၎င်းကရှင်းပြသည်။

စစ်ကြောင်းထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းတွင် ရဲတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များပါဝင်ပြီး မိုင်းဆွဲခံရပြီးနောက် သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ထပ်မံပြော သည်။

အဆိုပါစစ်ဆင်ရေးကို မြောင်မြို့နယ် T G R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဗိုလ်နေတိုးပြောက်ကျားတပ်ဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ကျည်ဆံများလိုအပ်လျက်ရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်မှာလည်း နှုတ်ခမ်းနီကနည်းနေပြီ။ စစ်ဘေးရှောင်စခန်းတွေမှာလည်း စားရေးသောက်ရေးက အစ အခက်အခဲတွေဖြစ်နေလို့ အလှူရှင်များအနေနဲ့ တက်နိုင်သလောက်လေးကူညီပေးပါဦးလို့ တောင်းဆိုပါရစေ။ စစ်ဘေးရှောင်ပြည်သူက ၁၀၀၀ ကျော်လောက်ရှိပါတယ်” ဟု စစ်ကောင်စီရဲတပ်ဖွဲ့မှ CDM ပြုလုပ်ကာ တိုက်ပွဲဝင်နေသူ အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂ ရက်ကလည်း မြောင်မြို့နယ်တွင် နယ်မြေထိန်းချုပ်နိုင်ရန်ကြိုးစားလာသည့် အကြမ်းဖက်စစ် ကောင်စီအင်အား ၁၀၀ ကျော်နှင့်ဒေသခံတော်လှန်ရေးတပ်များကြား ၃ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ် ကောင်စီလက်ပါး စေ ၃၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။


Lu Nge Khit

အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.