အင်ပင်ထီးကျေးရွာတွင် စခန်းချထားသော ပျူစောထီးနှင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို တာဝေးပစ်ရှော့တိုက်ဒုံး ၃၂ လုံးနှင့် ပစ်ခတ်တိုက်ခိုက်
ပုလဲ၊ မေ ၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများကို ယမန်နေ့(မေ၆ရက်) ညပိုင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တာ ဝေးပစ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့မှ သိရသည်။
“ လက်လုပ် တာဝေးပစ် ရှော့တိုက်ဒုန်း (၃၂) လုံးနဲ့ပစ်ခဲ့တာပါ။ ထိခိုက်မှုအနည်းအများတော့ရှိတယ်။ ဘယ်လောက်ကျဆုံးလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး" ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။
အဆိုပါ ရွာတွင် ပျုစောထီးအယောက် (၁၀၀)ဝန်းကျင်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးခန့်တပ်စွဲထားပြီး ပစ်ခတ်တိုက်ခိုက်မှုပြီးနောက် အော်သံများ ဆူညံနေပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အများအပြားသေဆုံးနိုင်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ PRA ခွဲ ၂၃ ၊ ပုလဲမြေပြန့်လွင်ပြင်ကာကွယ်ရေးအင်အားစု၊ ပုလဲဂျော်ကာအဖွဲ့၊ မြေပြင်သိန်းဌက်အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုမစ်ရှင်အတွက် ကုန် ကျစရိတ် ကျပ်သိန်း(၃၀)ဝန်းကျင်ထိ သုံးစွဲခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။
Lu Nge Khit
No comments:
Post a Comment