မုံရွာ ထနောင်းတောရွာက စကစ သတင်းပေးဆိုသူကို သုတ်သင်

သုတ်သင်ရှင်းလင်းခံရတဲ့ မုံရွာမြို့နယ် ထနောင်းတောရွာက စကစ သတင်းပေးဆိုသူ/Photo - Golden Eagle Force Monywa

မေ- ၂၉

စစ်ကိုင်းတိုင်း မုံရွာမြို့ ထနောင်းတောကျေးရွာနေ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပေးဆိုသူ အမျိုးသားတစ်ဦးကို မေ(၂၆)ရက်က သုတ်သင် ရှင်းလင်းခဲ့တယ်လို့ Golden Eagle Force Monywa ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“စကစ အလိုကျ လိုက်လုပ်နေသော ထနောင်းတော ဒလန် ဝင်းကျော်ဆိုသူအား (၂၆)ရက် ညနေအချိန်တွင် ငရဲသို့ ပို့ဆောင်ပေးခဲ့ပါသည်” လို့ Golden Eagle Force Monywa က ဆိုပါတယ်။

ထနောင်းတောရွာထဲက စကစ သတင်းပေးကို သုတ်သင်ရှင်းလင်းရာမှာ Golden Eagle Force Monywa  နှင့် Monywa Fighter Group Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမြို့နယ် ထနောင်းတောကျေးရွာထဲကို စစ်ကောင်စီ အကြမ်းဖက်သမားတွေက မကြာခဏ စီးနင်းဝင်မွှေ လုယက်ကာ ဒေသခံတွေကို ရန်ပြုနေပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ထနောင်းတောရွာက ဒေသခံပြည်သူတွေ အချို့ ဖမ်းဆီးခံရသလို တချို့ဟာ အိမ်မှာ မနေဝံ့ဘဲ ထွက်ပြေးနေရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ထနောင်းတောရွာ အပါအဝင် မုံရွာနယ်ထဲ ထင်တိုင်းကျဲ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။


Mandalay Free Press - MFP

မုံရွာ ထနောင်းတောရွာက စကစ သတင်းပေးဆိုသူကို သုတ်သင် မုံရွာ ထနောင်းတောရွာက စကစ သတင်းပေးဆိုသူကို သုတ်သင် Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.