ဆားလင်းကြီးမြို့နယ် ဝါးတန်းလမ်းကျေးရွာလမ်းမဘေး ဆိုင်တန်းများကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ ဖျက်ဆီး
ဓာတ်ပုံ - CJ |
ဆားလင်းကြီး၊ မေ ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာလမ်းမဘေးရှိ ဈေးဆိုင်တန်းများကို စစ်ကောင်စီတပ်သားများက မတ်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
"ပျက်စီးမှုကို ဘယ်သူမှ သွားကြည့်လို့မရတဲ့အတွက် မသိရသေးဘူး။ ပေါက်ကွဲသံတွေတော့ ကြားရတယ်။ ဆိုင်ခန်းတွေထဲက ဓာတ်ဆီပုံးလိုမျိုးတွေက ပေါက်တာလို့ ယူဆရတယ်" ဟု ဒေသခံကပြောသည်။
ဝါးတန်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်မှစတင် ကာ ၎င်းတို့စစ်ကြောင်း၀င်ရောက်သည့် ကျေးရွာတိုင်းကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ် ကြောင်း ဖြစ်သည်ဟု ၎င်းကပြောသည်။
"မီးလောင်တော့ မုံရွာ - ယင်းမာပင်လမ်းမကြီး တစ်လျောက် မီးခိုးတွေနဲ့ မဲသွားတယ်။ ၁၀ နာရီလောက်ကြမှ မီးခိုးရပ်သွားတာ" ဟု ဒေသခံကပြောသည်။
ဝါးတန်းကျေးရွာသည် မြန်မာ့စီးပွားရေး ဦးပိုင်၏ ကြေးနီတူးဖော်ရေးလုပ်ငန်းဖြစ် သော မြန်မာ - ယန်စီ ကုမ္ပဏီအနီးတွင် တည်ရှိခြင်းဖြစ်ပြီး အဆိုပါကုမ္ပဏီအတွင်း၌ စစ်ကောင်စီတပ်သားများ စခန်းချကြသည်ဟု ၎င်းကပြောသည်။
Lu Nge Khit
No comments:
Post a Comment