လာတိုက်ဖို့ ဖုန်းဆက်ပြီးဆဲဆိုစိန်ခေါ်ခဲ့တဲ့ စစ်သားနဲ့ရဲတွေတိုက်ခိုက်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

ထီးလင်း ၊ မေ ၂ ၊ ၂၀၂၂။

ထီးလင်မြို့နယ်၊ ရေမျက်နီရဲစခန်းကို ထပ်တိုးရောက်လာတဲ့ စစ်သားတွေက YDF ထီးလင်းထံဖုန်းဆက် ပြီး ပြည်သူ့ရင်ခွင်မခိုလှုံနိုင်ဘူး ကြိုက်တဲ့အချိန်လာတိုက်လှည့်လို့ စိန်ခေါ်ခဲ့တဲ့ စစ်သားနဲ့ရဲတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီစစ်သား ၁၅ ဦးထပ်တိုးထားပြီး ဖုန်းဆက်စိန်ခေါ်ခဲ့လို့ မေလ ၂ ရက်နေ့ မနက် ၅ နာရီခန့်က ၄ နေရာခွဲ တိုက်ခိုက်ခဲ့တာ လို့ Yaw Defence Force Htilin တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။ 

"အဲဒီစခန်းရဲဘော်တွေက YDF ထီးလင်းရဲဘော်တွေနဲ့ ဖုန်းအဆက်အသွယ်လုပ်တယ်၊ ဖုန်းအဆက်အသွယ် လုပ်တဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေက စည်းရုံးတယ်၊ စည်းရုံးတယ်ဆိုတာထက် ပြည်သူ့ရင်ခွင်ကိုခိုလှုံကြပါ၊ ကျနော်တို့မကြာတော့တဲ့ကာလမှာ စခန်းသိမ်းတိုက်ပွဲတွေလုပ်ပါလိမ့်မယ်၊အခုအချိန်ကစပြီးတော့ အမြန်ဆုံးပြည်သူဘက်ကိုခိုလှုံပါလို့ ကျနော်တို့ရဲဘော်တွေကပြောတာ၊ အဲဒီအချိန်မှာသူတို့ကပြန်ပြီး ဆဲဆိုပြီးတော့ ပြည်သူ့ရင်ခွင်မလာဘူး၊ ခိုလှုံစရာအကြောင်းမရှိဘူး ဘာညာဆဲဆိုတာလေးတွေရှိတယ်ဗျ၊ကြိုက်တဲ့အချိန်လာတိုက်ပါလို့စိန်ခေါ်မှုတွေရှိတယ်၊ ကျနော်တို့က သူတို့ကဖုန်းဆက်ပြီး ဆဲဆိုတဲ့အပေါ်မှာ ပြန်တုန့်ပြန်တဲ့အနေနဲ့ သွားပြီးတော့ပစ်ခတ်ရခြင်းဖြစ်ပါတယ်၊" လို့ YDF ထီးလင်းတာဝန်ခံက ဆိုပါတယ်။

မိနစ် ၃၀ ကြာတိုက်ပွဲမှာ စစ်ကောင်စီစစ်သား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရထားသည်ကို အတည်ပြုနိုင်ပြီး ထပ်မံဒဏ်ရာရသူများလည်းရှိနိုင်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

လာတိုက်ဖို့ ဖုန်းဆက်ပြီးဆဲဆိုစိန်ခေါ်ခဲ့တဲ့ စစ်သားနဲ့ရဲတွေတိုက်ခိုက်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ လာတိုက်ဖို့ ဖုန်းဆက်ပြီးဆဲဆိုစိန်ခေါ်ခဲ့တဲ့  စစ်သားနဲ့ရဲတွေတိုက်ခိုက်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.