လူသတ် အကြမ်းဖက် ရွာတွေမီးရှို့ပြီး စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီလူတွေပဲပြန်တက်တာကြောင့် စစ်ကောင်စီအခက်တွေ့


(မေလ ၉ ရက်)

အာဏာသိမ်းစစ်ကောင်စီက တိုက်ပွဲတိုင်းရွတ်ရွတ်ချွန်ချွန် ကျဆုံးလာတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုက်ပွဲဖြစ်ပွားနေသော EAO များအား အဓိကထားဖိတ်ကြားခဲ့သော်လည်း လက်တွေ့မှာ NCA လက်မှတ်ထိုးထားသောအဖွဲ့တွေသာ ပြန်လည်တက်ရောက်လာကြောင်းသိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲအားတက်ရောက်ဖို့ ဒီကနေ့ မေလ ၉ ရက်နေ့ဟာ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ဖြစ်တာကြောင့် တက်ရောက်လာတဲ့အဖွဲ့အစည်းတွေကို ပြောကြားလာပြီး ၎င်းအဖွဲ့များထဲ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့(၁၀)ဖွဲ့မှ၆ဖွဲ့နှင့် လက်မှတ်မထိုးထားသည့် အဖွဲ့များထဲမှ (၃)ဖွဲ့ တို့တက်ရောက်မယ်လို့ဆိုပါတယ်။

လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၁၀)ဖွဲထဲမှတက်ရောက်မည့် (၆)ဖွဲ့မှာ DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့ဖြစ်ပြီး၊ လက်မှတ်မရေးထိုးသေးသည့် အဖွဲ့များထဲမှ တက်ရောက်ကြမည့်အဖွဲ့များမှာ UWSA ၊ NDAA မိုင်းလားအဖွဲ့ နှင့် SSPP( SSAA) တို့ဖြစ်သည်ဟု သိရှိရပါသည်။

လက်တလောကာလမှာ စစ်ကောင်စီကလိုလားနေသောအဖွဲ့တွေဖြစ်တဲ့ KNU ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ (KIO) ကေအိုင်အိုအဖွဲ့အစည်း၊ချင်းလက်နက်ကိုင်အဖွဲ့ CNF ၊ကရင်နီတပ်ဖွဲ့KNPP  အပါအဝင်စရှိသည့်အဖွဲ့တွေက အတုယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ဖူးလို့ ပြတ်သားစွာထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။


HTY Information

လူသတ် အကြမ်းဖက် ရွာတွေမီးရှို့ပြီး စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီလူတွေပဲပြန်တက်တာကြောင့် စစ်ကောင်စီအခက်တွေ့ လူသတ် အကြမ်းဖက် ရွာတွေမီးရှို့ပြီး စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီလူတွေပဲပြန်တက်တာကြောင့် စစ်ကောင်စီအခက်တွေ့ Reviewed by THITHTOOLWIN on 19:57 Rating: 5

No comments:

Powered by Blogger.