တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့နေသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို


ခင်ဦး- ဧပြီ ၃၊ ၂၀၂၂။

စစ်သည်အင်အား တစ်ရာခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ယမန်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အင်းပတ်ရွာအဝင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးသေဆုံးပြီး ၇ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ရှေ့ထွက်မိုင်းလေးလုံးနှင့် ပဒေသာမိုင်းများအသုံးပြုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ကားနှစ်စီးမိုင်းထိမှန်ခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သံမဏိက The 74 Media ကိုပြောသည်

“စစ်ကောင်စီ ကားသုံးစီး။ သုံးစီးကိုမှ အင်အား ၁၀၀လောက်ရှိတယ်။ ခင်ဦးနယ်အစပ် ကြာပင်အိုင်ရယ်၊ သရက်ပင်ဝင်းရယ် ညောင်ပင်ကြီးစုရွာ အဲ့ဘက်ကနေ အပြန်မှာ ကျွန်တော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟုတ်တယ်။ ကားနှစ်စီးထိတယ်” ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီစစ်ကြောင်းသည် အင်းပတ်ရွာ၊ သရက်ပင်ဝင်းရွာနှင့် ကြာပင်အိုင်ရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး အပြန်လမ်းတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သူကပြောသည်။

“ကျွန်တော်တို့ ခင်ဦးမြို့နယ်အနောက်ပိုင်း အင်းပတ်ရွာကို ဝင်မွှေတယ်၊ မီးရှို့တယ်ဗျ။ သရက်ပင်ဝင်းတို့ ကြာပင်အိုင်တို့မှာလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ကြားသိရတယ်။ အိမ်ခြေဘယ်လောက် ဆုံးရှုံးမှုရှိလဲဆိုတာတော့မသိရဘူးဗျ” ဟုပြောသည်။

လက်ရှိအချိန်ထိ ခင်ဦးမြို့နယ်တွင် မီးရှို့ဖျက်ဆီးခံထားရသောအိမ်ခြေအရေအတွက် တစ်ထောင်ခန့်ရှိပြီး စစ်ရှောင်ပြည်သူ တစ်သောင်းခန့် စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း သိရသည်။

ဧပြီ ၃၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ငါးဦးကျဆုံးခဲ့သည်။


The 74 Media 

တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့နေသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို တစ်ရွာဝင်တစ်ရွာထွက် လိုက်လံမီးရှို့နေသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ၁၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 02:29 Rating: 5

No comments:

Powered by Blogger.