ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး


ပဲခူး၊ မေ ၂၆၊ ၂၀၂၂။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ ပေါက်တောကျေးရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးသားအဖကို PDF က သေနတ်ဝင်ပစ်ခဲ့လို့ သားဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက် မနက် ၉ နာရီကျော်လောက်မှာ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးအိမ်ထဲထိ ဝင်ပစ်ခဲ့ချိန်မှာ သားဖြစ်သူကိုပဲ ပစ်ခတ်နိုင်ခဲ့ပြီး၊ အဖေဖြစ်သူက နောက်ဖေးပေါက်က ထွက်ပြေးသွားခဲ့တယ်လို့ ညောင်လေးပင်-ကျောက်ကြီးမြို့ပြ PDF တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

"စစ်ခွေးအလုပ်လုပ်နေတဲ့သူက သားအဖသုံးယောက်ပေါ့ ဆိုးနေတာ အဲ့သုံးယောက်ပဲ၊ ဒီနေ့ထိ ပြည်သူတွေကို လိုက်ဒုက္ခပေးနေတုန်းပါပဲ၊ သူ့သားတယောက်ကလည်း ညောင်လေးပင် ငှက်ပျောတောဂိတ်မှာ ကားတွေကို ပိုက်ဆံတောင်းတဲ့ထဲမှာ အခုထိ အလုပ်လုပ်နေတာပါ" လို့ ပြောပါတယ်။

သားဖြစ်သူ ပစ်ခံရချိန်မှာ စစ်ကောင်စီခန့် စစ်ထွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်းက စစ်ကောင်စီဂိတ်ရှိရာဘက်ထွက်ပြေးသွားလို့ လွတ်သွားခဲ့ပြီး သားဖြစ်သူ စစ်သားကတော့ သေဆုံးခဲ့ပါတယ်။

"ခွေးဂိတ်နဲ့က အုပ်ကြီးအိမ်နဲ့ကနီးနီးလေးပဲ၊ ဆိုင်ကယ်စီးရင်ခဏနဲ့ ရောက်လာတာ၊ ကားလမ်းဘေးကလဲဖြစ် ကားလမ်းနောက်ဖက်မှာက အောင်ဇဗျူဆီဆိုင်ရှိတယ်ဗျ၊ လိုက်မပစ်လိုက်ရဘူး" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အခုပစ်ခံရတဲ့ သားအဖတွေကို ပဲခူးခရိုင် PDF အပါအဝင် PDF တွေက ၃ ကြိမ်လောက် ပစ်ခတ်ခဲ့ဖူးပြီး ရာအိမ်မှူးသာ သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ သားဖြစ်သူ သေဆုံးခဲ့ပါတယ်။

"သူ့အဖေက ၅ ရွာအုပ်ကြီး သူတို့သားအဖကိုက အရင်ရှေ့မှာ သူများတိုက်ခိုက်တာသုံးကြိမ်ရှိပြီ၊ ဒဏ်ရာအသီးသီး ရရုံလောက်ပဲ ရှိခဲ့တာ" လို့ ပြောပါတယ်။

အဲ့ဒီ အုပ်ချုပ်ရေးမှူး အိမ်မှာက စစ်သား၊ ရဲ၊ ဒလံနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ စုပြီးနေလေ့ရှိတဲ့ နေရာတခုလည်း ဖြစ်ပြီး အခုလို တိုက်ခိုက်မှုကို ညောင်လေးပင် ကျောက်ကြီး မြို့ပြ PDF နဲ့ ဒို့ရိုးရာညီနောင်ပြောက်ကျားတပ်ဖွဲ့ DYY တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး ညောင်လေးပင်မြို့နယ်က စစ်သားတဦး နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5

No comments:

Powered by Blogger.