စစ်ကောင်စီတပ်များ ရွာထဲဝင်လာစဉ် ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးသေ၊ နေအိမ်များကို မီးရှို့ဖျက်ဆီး


ရေဦး - မေ ၇၊ ၂၀၂၂။

စစ်ကောင်စီတပ်များရွာသို့ ဝင်လာချိန် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ယမန်နေ့နံနက်က ရေဦးမြို့နယ်အတွင်း ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ကားသုံးစီးဖြင့် ဒီပဲယင်းမြို့မှ ရေဦးမြို့ နှောကုန်းကျေးရွာသို့ ဝင်လာသောကြောင့် ဒေသခံပြည်သူများပုန်းနေချိန် လုံခြုံသည့်နေရာသို့သွားရန် ပြေးနေသည့် မိန်းကလေးတစ်ဦး သေနတ်ပစ်ခတ်ခံရသောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“မိန်းကလေးတစ်ယောက်က သူ့အဖေရဲ့နေရာကို လုံခြုံတယ်ဆိုပြီးတော့ ထပြီးသွားတဲ့အချိန်မှာ ပစ်တာ။ ကင်းစောင့်နေတဲ့ ဒေသခံတစ်ယောက် ဘယ်ဘက်လက်မှန်တယ်။ တစ်ယောက်က သေနတ်ဒင်နဲ့ထုလို့ ခေါင်းကွဲသွားတယ်” ဟုပြောသည်။

သေဆုံးသွားသူသည် အသက် ၂၁ နှစ်အရွယ်ခန့််ရှိပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားသည် ဆေးကုသမှုခံယူနေပြီး အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် သေနတ်ရမ်းသမ်းပစ်ခတ်ပြီးနောက် ဒေသခံပြည်သူတို့၏ နေအိမ်ရှစ်အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့မှု မကြာခဏ ပြုလုပ်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၆၂ လုံးရှိကြောင်း Data for Myanmar ၏ထုတ်ပြန်ချက်အရသိရသည်။


The 74 Media 

စစ်ကောင်စီတပ်များ ရွာထဲဝင်လာစဉ် ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးသေ၊ နေအိမ်များကို မီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်များ ရွာထဲဝင်လာစဉ် ရမ်းသမ်းပစ်ခတ်သဖြင့် တစ်ဦးသေ၊ နေအိမ်များကို မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.