ရွှေဘို၊ မေ ၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံရွာက ပျူ ဒလံဆိုသူ အမျိုးသား ၂ဦးကို ထန်းရည်ဆိုင်တွင်းမှာ ထန်းရည်သောက်နေတုန်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒီနေ့နေ့ခင်းပိုင်းမှာ ရွှေဘိုမြို့နယ် တအုံရွာက ဆံရှည်ဆိုသူနဲ့ ရန်မျိုးနောင် တို့ ၂ဦး ထန်းရည်ဆိုင်တွင်း သောက်နေချိန်မှာ Black Wolf PDF က ဆိုင်ကယ်နဲ့ဝင်လာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ BWPDF တာဝန်ရှိသူတဦးက ပြောပါတယ်။
" ထန်းရည်သွားသောက်တဲ့ ပုံစံနဲ့ ပစ်ခဲ့လိုက်တာ၊ နှစ်ယောက်လုံး ဆိုင်မှာပဲ တန်းသေသွားတယ်၊ ထွက်ပြေးတာတော့ မဟုတ်ဘူး သေနတ်ထိသွားပြီးတော့ သွေးရူးသွေးတန်းနဲ့ ပြေးတာ၊ ထပ်ပစ်လိုက်တာ သေသွားပါတယ် " လို့ BWPDF က ပြောပါတယ်။
တပ်ပေါင်းစုစခန်းတွေကို နေရာပြတဲ့အပြင် စစ်ကောင်စီနဲ့ ပေါင်းပြီး ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်တာတွေလုပ်နေတာကြောင့် ပြည်သူတွေရဲ့ သတင်းပေးမှုအပြင် သူတို့ ၂ဦးကို စောင့်ကြည့်ပြီး စစ်ကိုင်းကို မပြန်ခင်မှာ ဝင်ပြီး ပစ်ခဲ့လိုက်တာလို့လည်း ပြောပါတယ်။
BWPDF အနေနဲ့ စစ်ကိုင်းတိုင်း အခြေစိုက်အဖွဲ့တခုဖြစ်ပြီး စစ်ကောင်စီနဲ့ ပက်သတ်သူ ပျူနဲ့ ဒလံရှင်းလင်းရေး ၉ခုလောက် လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment