တနင်္သာရီတိုင်းမ် ၊ မေ ၇
ကံပေါက် -ကလိန်အောင်လမ်း အမှတ်(၂) တံတားအနီးမှာ မနက်က မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းက တပ်သား ၄ဦးသေဆုံးပြီး အနည်းဆုံး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KBDFအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသခံတွေဆီက ကနဦးရရှိတဲ့ သတင်းတွေအရ မိုင်းဆွဲခံရတဲ့ ကားတန်းဟာ ကံပေါက် မောရဝတီရေတပ်စခန်းကနေ ထွက်လာတဲ့ ကားတွေလို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို KBDF နဲ့ T1 မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့တာပါ။
မ်ိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ရှိပေမယ့် KBDFနဲ့မဟာမိတ်တပ်တွေ အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအရှိန်မြင့်လာတဲ့ ကာလမှာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ဝေးဝေးမှရှောင်ရှားကြဖို့ကိုလည်း KBDF နဲ့ T1ပူးပေါင်းအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
The Tanintharyi Times
No comments:
Post a Comment