မေ - ၆
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က လျှပ်စစ်ဝန်ထမ်း အိမ်ယာကို ဒီနေ့ မနက်ပိုင်းမှာ ဗုံးထုခံခဲ့ရတယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(WTRF)က သတင်းထုတ်ပြန်ပါတယ်။
မေလ (၆)ရက် မနက် လေးနာရီမထိုးခင်အချိန်မှာ ဗုံးထုဖောက်ခွဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်၊ ဗိုလ်ကျ၊ အကြမ်းဖက် မီးရှို့နေတဲ့ စစ်အုပ်စုလက်ပါးစေ လျှပ်စစ်ဝန်ထမ်းတွေကိုနောက်ဆုံးအကြိမ် သတိပေးခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထပ်မံပြီးတော့ ပြည်သူလူထုကို အနိုင်ကျင့်တာ၊ ငွေကြေးတောင်းခံတာ၊ လျှပ်စစ်မီးကြိုးတွေ ဖြတ်တောက်တာတွေ လုပ်ဆောင်မယ်ဆိုရင် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်များပါမကျန် ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်း WTRF က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်က ပျူစောထီးတို့ရဲ့ဖခင်လို့ ဆိုကြတဲ့ နိုင်လိုက် ဆီဆိုင်ပိုင်ရှင် ဦးထွန်းနိုင်ကို ဝမ်းတွင်းမြို့နယ် တောင်လှန်ရေးအင်အားစုက သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။
Mandalay Free Press - MFP
No comments:
Post a Comment