(ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မြင်းခြံအခြေစိုက်MG6ပြောက်ကျား တပ်ဖွဲ့ဝင်နှစ်ဦးအား တွေ့ရစဥ်။ ဓါတ်ပုံ-MG6) |
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များထိပ်တိုက်တွေ့ ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ရေစကြို (Yesagyo) PDFက သတင်းထုတ်ပြန်သည်။
ယနေ့ (မေလ ၁၂ ရက်နေ့) နံနက် ၉နာရီခွဲ ၀န်းကျင်က မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ သောင်အရှေ့ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာအောင် အနီးကပ်ထိတွေ့မှူဖြစ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။
အဆိုပါတိုက်ပွဲတွင် မဟာမိတ်ညီနောင် KNT ပြောက်ကျားတပ်နှင့်ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ရေရကြို PDFက ပြောသည်။
"လက်နက်ကောက်ဖို့ အပြင်းထန်ကြိုးစားခဲ့ကြပေမယ့် အင်အားမမျှတတာကြောင့် ဆုတ်ခဲ့ရပြီး PDF များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။"ဟုရေစကြို PDFက ပြောသည်။
ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment