အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရ(ရုပ်သံ)
မေ ၂၆
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ချီတက်လာတာကြောင့် မနေ့က မေလ၂၅ရက်နေ့မှာ ဒေသခံပြည်သူတွေ မိုးရွာနေတဲ့ထဲကြားထဲက နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလကုန်အထိ စစ်ကိုင်းတိုင်းထဲက အိမ်ပေါင်း (၇၅၀၀) ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အခုချိန်မှာတော့ အရေအတွက်ဟာ ပိုပြီး များပြားလာနေပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်းပြီးချိန်ကနေ ဧပြီလကုန်အထိ လူနေအိမ်ပေါင်း (၁၁၄၁၇) လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar ရဲ့ စာရင်းတွေ အရ သိရပါတယ်။
Vedio-CJ/ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး
Lu Nge Khit
အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရ(ရုပ်သံ)
Reviewed by THITHTOOLWIN
on
19:10
Rating:
No comments:
Post a Comment