ဓာတ်ပုံ၊ ပေးပို့ |
မေ - ၁၃
မန္တလေးတိုင်း မြစ်သားမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးလည်းဖြစ်၊ စစ်အုပ်စုသတင်းပေးလည်းဖြစ်တဲ့ ဉာဏ်ဆောင်ဆိုတဲ့သူဟာ မနေ့ညနေပိုင်းက သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မန်ကျီးကန်ရွာမှာ နေထိုင်တဲ့ ဉာဏ်ဆောင်ဆိုသူဟာ အာဏာသိမ်းပြီးကာလမှာ စစ်အုပ်စုရဲ့ အကြီးစားသတင်းပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး သစ်တက်ကုန်းရွာအနီးမှာ ည (၇)နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
“ မြစ်သားဆေးရုံကို ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ သယ်သွားသေးတယ်၊ ဒါပေမယ့် သူက ပွဲချင်းပြီး သေသွားတာတဲ့ “ လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Mandalay Free Press - MFP
မြစ်သားနယ်က ပြည်ခိုင်ဖြိုး စည်ရုံးရေးမှူး စစ်အုပ်စုသတင်းပေး ဉာဏ်ဆောင် သေနတ်ပစ်ခံရပြီး သေ
Reviewed by THITHTOOLWIN
on
20:18
Rating:
No comments:
Post a Comment