မြောင်မှာ စစ်ကြောင်းထိုးလာတဲ့ သင်တန်းဆင်းကာစရဲနဲ့စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး


မြောင် ၊ မေ ၄ ၊ ၂၀၂၂။

မြောင်မြို့နယ်အတွင်း လက်နက်ခဲရမ်းများ သယ်ဆောင်လာသော ရဲတပ်သားနှင့်စစ်သားတွေကို MRA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မေလ ၃ ရက်နေ့က ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ဖူးကုန်းရွာ နှင့် အညွန့်ရွာ ကြားမှာ မိုင်းဆွဲတိုက်ခဲ့တာလို့  Myaung Revolution Army တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

"ကျနော်တို့ MRA ဌာနချုပ်စခန်းဝင်စီးသွားတဲ့အချိန်မှာလည်း သူတို့ကျန်ခဲ့တဲ့ပစ္စည်းတွေကြည့်တဲ့အခါမှာ ၂၀၂၁ သင်တန်းဆင်းထားတဲ့ ရဲတွေဖြစ်နေတယ်၊ စစ်‌သားတွေလဲပါတယ်၊ ရဲတွေကများတယ်၊ သူတို့ကထောက်ပို့လုပ်ဖို့ လက်နက်ခဲရမ်းတွေ သယ်လာတဲ့အဖွဲ့လို့ ကျနော်တို့သတ်မှတ်တယ်၊ အဲဒီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ ခြေလျင်စစ်ကြောင်းထိုးလာတဲ့အဖွဲ့ပါ၊ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီးတော့ ၄ ဦးအပြင်းအထန်းဒဏ်ရာရတယ်ဆိုပြီးဆေးရုံနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ကျနော်တို့သတင်းရပါတယ်" လို့ MRA တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ MRA ဌာနချုပ်စခန်းကိုသိမ်းပြီး ၏ နောက်တနေ့စစ်ကြောင်းထိုးရာက မနက်ခင်း ၁၀ နာရီခွဲခန့်တွင် တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်းစုံနဲ့ထိတွေ့မှုဖြစ်ကာ ညနေခင်းတွင် ကျောက်ဖူးကုန်းရွာကတပ်ဆီ လက်နက်ခဲရမ်းတွေသွားပို့စဉ် ထပ်မံတိုက်ခိုက်ခံရပြီး ခဲယမ်းများလည်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မြောင်မှာ စစ်ကြောင်းထိုးလာတဲ့ သင်တန်းဆင်းကာစရဲနဲ့စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး မြောင်မှာ စစ်ကြောင်းထိုးလာတဲ့ သင်တန်းဆင်းကာစရဲနဲ့စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.