မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားတွင် စကစယာဉ်တန်းမိုင်းဆွဲခံရ၍ စစ်ကားတစ်စီးပျက်စီးကာ စကစတပ်သား (၄၀) နီးပါးသေဆုံး (ရုပ်သံ)
မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြား ဇီးတောရွာသံဘိုဂိတ်တောင်ဘက်အနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက စကစယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီး၍ စကစတပ်သား (၄၀) နီးပါးသေဆုံးကာ (၂၀) နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း DGF ကထုတ်ပြန်သည်။
ဘုတလင်မြို့နယ်၊ ကူတော်ရွာသို့ ရောက်ရှိနေသော စကစတပ်သည် ကူတော်မှ ဘုတလင်မြို့သို့ပြန်ပြီး ဘုတလင်မှတဆင့်နမခခွေးခြံထဲသို့ပြန်လာမည်ဟုလည်းကောင်း၊ ညောင်ပင်ကန်ရွာတွင်တပ်စွဲထားသော စကစတပ်များသည်လည်း ညောင်ပင်ကန်ရွာမှ ဇီးတောရွာအထိ ကားလမ်းဝဲယာမိုင်းရှင်းလင်းရေးလုပ်ကာ နမခတပ်ထဲမှ အင်အား (၇၀) နီးပါးသည် မေလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ကတည်းက ဖန်းခါးကျင်းရွာတွင် တပ်စွဲ၍ ၂ နာရီခွဲအချိန်တွင် ဘုတလင်မြို့ဘက်သို့ မိုင်းရှင်းလင်းရေးထွက်မည်ဟု တပ်တွင်းသတင်းပေးမှုကြောင့် DGFတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အချိန်မှီမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း DGF ကဆိုသည်။
အဆိုပါစစ်ဆင်ရေးအား ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်သော DGF (Lower Chindwin) ဘုတလင်တပ်ဖွဲ့၊ PDF(Anonymous Heroes)၊ ချိုမိုင်မိုင် ယင်းမာပင်ကနီတပ်ပေါင်းစု၊ Dynamite Heroes (BDL-PDF) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment