ရေဦးမှာ စစ်ကောင်စီက အရပ်သား ၇ ဦးကိုသတ်ပြီး၊ သံဃာ ၂ ပါးအပါအဝင် ၁၅ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား


ရေဦး၊ မေ ၁၂၊ ၂၀၂၂။

စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အရှေ့ဘက်၊ မင်းတိုင်ပင်ရွာမှ အရပ်သား ၇ ဦးကို ပစ်ခတ်ခဲ့ပြီး၊ သံဃာ ၂ ဦးအပါအဝင် ၁၅ ဦးကိုလည်း ဓားစာခံအဖြစ် မေလ ၁၁ ရက် ယမန်နေ့နံနက် ၃ နာရီကျော်အချိန်ခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီများမှာ ဆီဇုန်ရွာကို မီးရှို့ခဲ့ပြီး၊ မင်းတိုင်ပင်ရွာသို့ဝင်ကာ ရွာလုံးကျွတ် မွှေနှောက်ရှာဖွေပြီးနောက်မှ အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"စစ်‌ခွေးတွေက ဆီဇုန်ကနေပြီးတော့ မင်းတိုင်ပင်ရွာကို ဝင်တယ်။ အဲဒီရွာက အရပ်သား ၇ ဦးကိုလည်း သတ်သွားတယ်။ ပြီးတော့ ဘုန်းကြီး ကျောင်းက ဦးဇင်း ၂ ပါးကိုလည်း လူဝတ်လှဲပြီး တော့ ခေါ်သွားတယ်။ စုစုပေါင်းလူ ၁၅ ယောက်ကို ဓားစာခံအဖြစ် ခေါ်သွားတာ။ အဲဒီလူတွေကို ပုန်းနဂရွာကိုခေါ်သွားတာ။ အဲဒီရွာကိုမရောက်ခင်တော့ ၃ယောက်ကို ပြန်လွှတ်ခဲ့သေးတယ်။ ကျန်တဲ့လူ ၁၂ ယောက်ကိုတော့ ခေါ်သွားတယ်လို့ ပြောတယ်။"ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်လာပြီး၊ လူနေအိမ် ၆ လုံးကိုမီးရှို့ခဲ့ကာ အသက် ၂၀ကျော် အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်သွားသည်ဟု ဒေသခံများမှ မြေလတ်အသံကို ပြောဆိုထားသည်။


မြေလတ်အသံ - Myaelatt Athan 

ရေဦးမှာ စစ်ကောင်စီက အရပ်သား ၇ ဦးကိုသတ်ပြီး၊ သံဃာ ၂ ပါးအပါအဝင် ၁၅ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား ရေဦးမှာ စစ်ကောင်စီက အရပ်သား ၇ ဦးကိုသတ်ပြီး၊ သံဃာ ၂ ပါးအပါအဝင် ၁၅ ဦးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 21:22 Rating: 5

No comments:

Powered by Blogger.